Day: March 28, 2024

ပွဲကျပ်ကာလမတိုင်မီ အဓိက ကစားသမားတွေဒဏ်ရာပြဿနာ ကြုံတွေ့နေရတဲ့ မန်စီးတီး

ဖလား(၃)လုံးချန်ပီယံမန်စီးတီးအသင်းရဲ့ အဓိကကစားသမား(၆)ဦးဟာ မတ်လနိုင်ငံတကာရက်သတ္တပတ်အတွင်း မိမိတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံ့လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားပြီး ဒဏ်ရာတွေအသီးသီးရရှိခဲ့တာကြောင့် နည်းပြဂွါဒီယိုလာအတွက် စိုးရိမ်စရာဖြစ်နေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်း၊ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်၊ ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီ၊...