Leagues & Clubs

ဖီအိုရမ်တီးနားကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ယူပြီး အမိမြေမှာကွန်းဖရန့်လိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ အိုလံပီယာကော့စ်

အိုလံပီယာကော့စ်(၁-ဝ)ဖီအိုရမ်တီးနား(ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ) ဥရောပတတိယတန်းစားဖလားပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းက အီတလီကလပ်ဖီအိုရမ်တီးနားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ဥရောပဆုဖလားတစ်လုံးကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဗိုလ်လုပွဲကို ဂရိမြေမှာ ကျင်းပတာဖြစ်လို့ မိမိမြေ၊ မိမိပရိသတ်အများစုရဲ့ရှေ့မှောက်မှာ အိုလံပီယာကော့စ်အသင်းအနေနဲ့ ဥရောပဆုဖလားရတဲ့...

ကွန်းဖရန့်လိဂ်ပြိုင်ပွဲသာ ဝင်ခွင့်ရခဲ့ပေမယ့် ချယ်လ်ဆီးပရိသတ်အချို့ အကောင်းမြင်ကျေနပ်

ချယ်လ်ဆီးအသင်းပရိသတ်အချို့ဟာ လာမယ့်ရာသီကွန်းဖရန့်လိဂ်ဝင်ခွင့်ရတဲ့အပေါ် ကျေနပ်ကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာတွေမှာ အကောင်းမြင်စိတ်နဲ့ ရေးသားနေကြပါတယ်။ မန်ယူနိုက်တက်အသင်းက FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ကို ရရှိသွားခဲ့ပြီး ချယ်လ်ဆီးအသင်းက ကွန်းဖရန့်လိဂ်ပြိုင်ပွဲကိုသာ ယှဉ်ပြိုင်ရတော့မှာပါ။ ၂၀၂၃-၂၄ ရာသီ...

ဂျာမန်ဖလားကို ဒုတိယအကြိမ် ဆွတ်ခူးပြီး ဖလား(၂)လုံးချန်ပီယံ ဖြစ်ခဲ့တဲ့ လေဗာကူဆင်

ဘွန်ဒစ်လီဂါချန်ပီယံ လေဗာကူဆင်အသင်းက ဂျာမန်ဖလား(DFB-Pokal)ပြိုင်ပွဲမှာ ကိုင်ဇာစလော့တန်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ကစားပြီး ချန်ပီယံဆုဖလားကို ဒုတိယအကြိမ်မြောက်အဖြစ်ရယူခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ဂျာမန်ဖလားပြိုင်ပွဲမှာ အရင်က တစ်ကြိမ်သာဗိုလ်စွဲခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်က ချန်ပီယံဆုရခဲ့တာပါ။ ဂျာမန်ဒုတိယတန်းကလပ် ကိုင်ဇာစလော့တန်အသင်းဟာ လေဗာကူဆင်အသင်းကို ဒုတိယပိုင်းတစ်ပိုင်းလုံးတစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့်...

ပြင်သစ်ဖလားကို(၁၅)ကြိမ်မြောက်ရယူပြီး ပြည်တွင်းဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တဲ့ PSG

ပြင်သစ်ကလပ် PSG အသင်းက ပြင်သစ်ဖလား(Coupe de France)ဗိုလ်လုပွဲမှာ လိုင်ယွန်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံဆုကို (၁၅)ကြိမ်မြောက်အဖြစ်ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဒီရာသီနောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် တိုက်စစ်မှူးဘာပေက ပွဲအစအဆုံး ဝင်ကစားခဲ့ပြီး ဂိုးတွေကိုတော့ ဒမ်ဘီလီ(၂၂ မိနစ်)နဲ့ ဖေဘီယန်ရုဇ်(၃၄ မိနစ်)တို့က...

စီးရီးအေ အကောင်းဆုံးဆုကို သိမ်းပိုက်ခဲ့တဲ့ အင်တာနဲ့ အကောင်းဆုံးကစားသမားဆုရတဲ့ မာတီနက်ဇ်

ဒီရာသီစီးရီးအေပြိုင်ပွဲက ဇွန်(၂)ရက်နေ့မှ ပြီးဆုံးမှာ ဖြစ်ပေမယ့် အကောင်းဆုံးဆုတွေကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ချန်ပီယံအင်တာမီလန်အသင်းက အကောင်းဆုံးအများစုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(Serie A Most Valuable Player)ကို ဆွတ်ခူးခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ၂၀၂၃-၂၄...

၂၀၂၃-၂၄ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့အကောင်းဆုံးဘောလုံးသမားဆုဆွတ်ခူးခဲ့တဲ့ ဗစ်ဇ်

လေဗာကူဆင်အသင်းရဲ့ ဂျာမန်တောင်ပံတိုက်စစ်ကစားသမား ဖလော်ရီယန်ဗစ်ဇ်ဟာ ၂၀၂၃-၂၄ ရာသီ ဘွန်ဒစ်လီဂါအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဗစ်ဇ်ဟာ ဒီရာသီ ဘွန်ဒစ်လီဂါမှာ ခြေစွမ်းပြကစားခဲ့ပြီး ကလပ်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအမှတ်ပေးချန်ပီယံဆုကို လေဗာကူဆင်အသင်း ဆွတ်ခူးခဲ့ရာမှာ သူ့ရဲ့ဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေက အဓိကကျခဲ့ပါတယ်။ ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ...