Breaking News

အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ပွဲမှာ ပထမဆုံးအနိုင်ရတဲ့ ဆမ်မာရီနို

အီတလီနိုင်ငံ မြေပုံကို ကြည့်ရင်မြောက်ပိုင်းမှာ ငါးလိပ်ကျောက်ပုံစံ အကွက်လေးတစ်ခုကို တွေ့ရပါလိမ့်မယ်။ အဲဒီအကွက်လေးက ဆမ်မာရီနိုနိုင်ငံဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်းက (၆၁)စတုရန်းကီလိုမီတာလောက်သာရှိပြီး ပဲခူးမြို့သာသာလောက်ပဲကျယ်ဝန်းတဲ့ ဒီကုန်းပိတ်နိုင်ငံလေးမှာ လူဦးရေ(၃၃၀၀၀)ကျော်သာ နေထိုင်ပါတယ်။ နိုင်ငံလေးကသေးသလို ဘောလုံးလောကမှာလည်း ဆမ်မာရီနိုလက်ရွေးစင်ဘောလုံးအသင်းက အင်အားသေးငယ်တဲ့အသင်းတစ်သင်းအဖြစ်သာရှိခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့...

(၁၇)နှစ်ကြာကစားခဲ့တဲ့ ဥရုဂွေးလက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်တော့မယ့် ဆွာရက်ဇ်

ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဒီတစ်ပတ်ကစားမယ့် နိုင်ငံတကာပွဲတွေမတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံပြီး သူ့အနေနဲ့ နိုင်ငံတကာဘောလုံးသမားဘဝက အနားယူတော့မှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ဆွာရက်ဇ်ကို အလွန်ဝမ်းနည်းနေတဲ့ အမူအရာနဲ့တွေ့ခဲ့ရပြီး သူ့အနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရတဲ့ပုံပေါ်နေပါတယ်။ လာမယ့် စက်တင်ဘာ(၆)ရက်(စနေ့နေ့)မှာ...

အကယ်ဒမီမှာ ကလေးတစ်ဦးကို နှိပ်စက်လို့ အရေးယူခံရတဲ့ ဆွန်ဟောင်မင်ရဲ့ ဖခင်နဲ့ အစ်ကို

စပါးအသင်းရဲ့တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်ရဲ့ဖခင်ဖြစ်သူဆွန်ဝုန်ဂျန်းနဲ့ အစ်ကိုဖြစ်သူဆွန်ဟောင်ယွန်တို့ဟာ တောင်ကိုရီးယားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ "ဆွန်"အကယ်ဒမီမှာ ကျောင်းသားလူငယ်လေးတစ်ဦးကို နှိပ်စက်ခဲ့တဲ့လုပ်ရပ်အတွက် ဒဏ်ကြေးငွေပေးဆောင်ခဲ့ရပါတယ်။ "ဆွန်"အကယ်ဒမီက တောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ်မြို့ရဲ့အရှေ့မြောက်ဘက် (၄၅)မိုင်အကွာလောက်မှာရှိတဲ့ ချွမ်ချွန်းမြို့မှာရှိပြီး ဆွန်ဟောင်မင်ကိုအားကျတဲ့ လူငယ်ဘောလုံးသမားလေးတွေ တက်ရောက်ပညာသင်ယူနေတဲ့ သင်တန်းကျောင်းလည်းဖြစ်ပါတယ်။ အခုနှစ်ဧပြီလအတွင်း ဒီအကယ်ဒမီက ကျောင်းသားတစ်ဦးကို...

ဂျာမနီလက်ရွေးစင်အသင်းက အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဝါရင့်ဂိုးသမား နော်ယာ

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာဘောလုံးလောကက အနားယူသွားတဲ့ကစားသမားတွေ များပြားနေစဉ်မှာပဲ နောက်ထပ်နာမည်ကျော်ဂိုးသမားတစ်ဦးကလည်း လက်ရွေးစင်ကစားသမားဘဝကို စွန့်လွှတ်ကြောင်း ကြေညာလိုက်ပါတယ်။ သူကတော့ အသက်(၃၈)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားနော်ယာဖြစ်ပြီး သြဂုတ်(၂၁)ရက်နေ့မှာ သူ့ဆုံးဖြတ်ချက်ကို ကြေညာလိုက်တာပါ။ နော်ယာက "ဒီနေ့ဟာ ကျွန်တော့်ရဲ့လက်ရွေးစင်ကစားသမားဘဝအဆုံးသတ်တဲ့နေပါ"လို့ သူ့ရဲ့Instagram မှာ...

မန်စီးတီးကို ပြန်မယ်လို့ သတင်းတွေထွက်နေချိန်မှာ ဂျာမနီအသင်းက အနားယူလိုက်တဲ့ ဂွန်ဒိုဂန်

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဂွန်ဒိုဂန်(၃၃ နှစ်)က ဂျာမနီလက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဂွန်ဒိုဂန်ဟာ ဂျာမနီလက်ရွေးစင်အသင်းမှာ ၂၀၁၁ ခုနှစ်က စတင်ကစားခဲ့ပြီး နိုင်ငံတကာကစားသမားဘဝ(၁၃)နှစ်အတွင်း နိုင်ငံတကာပွဲ(၈၂)ပွဲကစားခဲ့ပြီး (၁၉)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဂွန်ဒိုဂန်ဟာ တူရကီနွယ်ဖွား...

လာမင်းယာမားလ်ရဲ့ ဖခင် ကားပါကင်မှာ ဓါးနဲ့ထိုးခံခဲ့ရပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ရ

စပိန်နဲ့ ဘာစီလိုနာအသင်းကြယ်ပွင့် လာမင်းယာမားလ်ရဲ့ဖခင်ဟာ ကားပါကင်မှာ ဓါးနဲ့ထိုးခံခဲ့ရပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခံခဲ့ရပါတယ်။ La Vanguardia က လာမင်းယာမားလ်ရဲ့ဖခင်ဖြစ်သူဟာ သူ့ရဲ့ခွေးနဲ့ လမ်းလျှောက်ထွက်ရင်း လူအချို့နဲ့ အငြင်းအခုံဖြစ်ခဲ့ပြီး ရန်ပွဲဖြစ်ပွားခဲ့ကာ ဓါးနဲ့ အကြိမ်ပေါင်းများစွာထိုးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောခဲ့တာကို...

အသက်(၄၁)နှစ် (၅)လ အရွယ်မှာ ဘောလုံးသမားဘဝက အနားယူသွားတဲ့ ပေပေ

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ဝါရင့်နောက်ခံလူ ပေပေဟာ ဘောလုံးကစားခြင်းကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ပေပေဟာ အသက်(၄၁)နှစ်(၅)လရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်က သူ ဒုတိယအကြိမ်ကစားခဲ့တဲ့ ပေါ်တိုအသင်းနဲ့လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ကလပ်အသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ အသက်အကြီးဆုံးစံချိန်များစွာတင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ပြိုင်ပွဲဝင် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ပါဝင်ကစားပြီး...

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး လှုပ်ရှားသူတွေ တိုက်ခိုက်တာခံခဲ့ရတဲ့ အစ်ဘစ်ဇာကျွန်းက မက်ဆီရဲ့အိမ်

စပိန်နိုင်ငံ၊ အစ်ဘစ်ဇာကျွန်းမှာ မက်ဆီဝယ်ယူထားတဲ့ ပေါင်(၉.၅)သန်းတန်နေအိမ်က လူတစ်စုရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ မက်ဆီဟာ အစ်ဘစ်ဇာကျွန်းအနောက်ပိုင်းမှာ ရှိတဲ့ ဒီနေအိမ်ကို ဆွစ်ဇာလန်လူမျိုးစီးပွားရေးလုပ်ငန်းရှင် ဖီလစ်ပီအမွန်ထံကနေ ၂၀၂၂ ခုနှစ်က ဝယ်ယူထားတာပါ။ မက်ဆီဟာ သူ့ရဲ့ဇနီးဖြစ်သူ အန်တိုနယ်လာ၊ ကလေး(၃)ယောက်တို့နဲ့အတူ ဒီနေအိမ်မှာ...

နည်းပြဘဝကို ပြန်လာတော့မှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကလော့ပ်

ပြီးခဲ့တဲ့ရာသီကုန်က လီဗာပူးလ်အသင်းနဲ့လမ်းခွဲခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြယာဂန်ကလော့ပ်ဟာ ဘောလုံးနည်းပြတစ်ဦးဘဝက အပြီးသတ်အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ မူလက ကလော့ပ်အနေနဲ့ နည်းပြအလုပ်ကနေ တစ်နှစ်ခန့်အနားယူပြီး ကလပ်အသင်းတစ်သင်းသင်း(သို့မဟုတ်)လက်ရွေးစင်အသင်းတစ်သင်းသင်းကို ကိုင်တွယ်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ကလော့ပ်က နည်းပြဘဝကို သူ့အနေနဲ့ ပြန်လာမှာ...

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျာမန်ရဲတွေကြောင့် ISIS ရဲ့ တိုက်ခိုက်မှု မခံခဲ့ရတဲ့ အင်္ဂလန်ပရိသတ်

​ပြီးခဲ့တဲ့ ယူရို-၂၀၂၄ဗိုလ်လုပွဲမှာ အင်္ဂလန်ပရိသတ်တွေအနေနဲ့ အသက်အန္တရာယ်ရှိခဲ့ပေမယ့် ဂျာမန်ရဲတွေရဲ့ ရန်သူအပေါ်မှာ အနံ့ခံကောင်းခဲ့တာနဲ့ ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့တာကြောင့် ဘာအန္တရာယ်မှ မဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယူရို-၂၀၂၄ဗိုလ်လုပွဲမှာ အင်္ဂလန်ပရိသတ်တွေကို အဓိကတိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ISIS အဖွဲ့ရဲ့ကြံစည်မှုကို ဂျာမန်ရဲတွေက အချိန်မီကာကွယ်တားဆီးနိုင်ခဲ့ကြောင်း ဗြိတိန်သတင်းစာ...