Month: April 2024

ရာသီကုန်ဖို့ (၅)ပွဲအလိုမှာ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ခဲ့ပြီး ဖလား(၃)လုံးရယူဖို့ နီးစပ်လာတဲ့ လေဗာကူဆင်

မနေ့က ကစားခဲ့တဲ့ ဝါဒါဘရီမင်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ လေဗာကူဆင်အသင်းက (၅-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး မိမိကွင်း၊ မိမိပရိသတ်ရှေ့မှောက်မှာ ဘွန်ဒစ်လီဂါချန်ပီယံအဖြစ် ပထမဆုံးအောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဘွန်ဒစ်လီဂါလက်ကျန်ပွဲစဉ်(၅)ပွဲအလိုမှာ လေဗာကူဆင်အသင်းအနေနဲ့ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်အသင်းကို ရမှတ်(၁၆)မှတ်အထိ ဖြတ်နိုင်တာကြောင့် ရာသီမကုန်ခင် စောစောစီးစီးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။...

ရာသီအကုန်ထိ မနေဘဲ အခုချက်ချင်း ဘိုင်ယန်ကထွက်ဖို့ ဖိအားပေးခံနေရတဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂျာမန်လူမျိုးနည်းပြ တူချယ်လ်အနေနဲ့ အသင်းနဲ့ မူလသဘောတူထားတဲ့ အခုရာသီကုန်အထိ သူရဲ့ရာထူးမှာ ရှိမနေဘဲ အခုချက်ချင်း နည်းပြရာထူးကထွက်ဖို့ ဖိအားပေးတောင်းဆိုခံနေရပါတယ်။ တူချယ်လ်ကို အသင်းက ချက်ချင်းထွက်ဖို့ တိုက်တွန်းခဲ့သူက ဘိုင်ယန်မြူးနစ်အသင်းရဲ့နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒီဒီဟာမန်းဖြစ်ပြီး ဂျာမန်မီဒီယာတချို့ကလည်း ဟာမန်းရဲ့စကားကို သံယောင်လိုက်ပြီး တူချယ်လ်ကို...