News (Regular)

ဂန္ထဝင်ဂယ်ရီရှောအတွက် ချန်ပီယံလိဂ်အဖွင့်ပွဲမှာ အနိုင်ရလဒ်ယူပေးဖို့ အူနှိုင်းအမ်မရီ အလိုရှိ

ဒီနေ့ကစားမယ့် ယန်းဘွိုင်းစ်-အက်စတွန်ဗီလာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်မတိုင်ခင် ကွယ်လွန်သွားခဲ့တဲ့ ဂန္ထဝင်ဂယ်ရီရှောအတွက် အက်စတွန်ဗီလာအသင်းဟာ ဒီပွဲမှာအနိုင်ရလဒ်ရယူပေးနိုင်ဖို့ နည်းပြအူနှိုင်းအမ်မရီက အလိုရှိနေပါတယ်။ အက်စတွန်ဗီလာအသင်းအတွက် ၁၉၈၂ ဥရောပဖလားရယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဂယ်ရီရှောဟာ တနင်္လာနေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ သူ့အသက်က(၆၃)နှစ်ရှိပြီဖြစ်တာပါ။ ယန်းဘွိုင်းစ်အသင်းနဲ့ပွဲစဉ်ဟာ အက်စတွန်ဗီလာအသင်းအတွက်...

ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်ကို အဖွင့်ပွဲမတိုင်ခင် လီဗာပူးလ် ဂိုးသမား အယ်လီဆန် ဝေဖန်

ဒီနေ့ကစားမယ့် အေစီမီလန်-လီဗာပူးလ် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင်မှာ လီဗာပူးလ်အသင်းဂိုးသမား အယ်လီဆန်က ဒီပြိုင်ပွဲရဲ့ပုံစံသစ်ကို ဝေဖန်ခဲ့ပါတယ်။ ဒီရာသီအတွက် ဘောလုံးပြက္ခဒိန်မှာ ပွဲစဉ်ဇယားတွေပိုပြီးများပြားလာတာကြောင့် အယ်လီဆန်က ပင်ပန်းနွမ်းနယ်နေတဲ့ ကစားသမားတွေရဲ့အမြင်က ပွဲစီစဉ်သူတွေအတွက် အရေးမကြီးဘူးလို့ ဆိုခဲ့တာပါ။ ပုံစံသစ်နဲ့ ပြောင်းလဲကျင်းပမယ့် ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းတိုင်းဟာ...

နောက်ခံလူ နူနိုမန်ဒက်စ်ကို လူမျိုးရေးခွဲခြားစော်ကားမှုအပေါ် ရှုတ်ချကြောင်း PSG ထုတ်ပြန်

PSG အသင်းဟာ ပေါ်တူဂီနောက်ခံလူ နူနိုမန်ဒက်စ်ကို ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားစော်ကားမှုအပေါ် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နူနိုမန်ဒက်စ်ဟာ PSG အသင်းက ဘရက်စ်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်အပြီးမှာ ရိုင်းစိုင်းပြီး လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေပေးခံခဲ့ရတဲ့ ပစ်မှတ်ဖြစ်ခဲ့တာပါ။ နူနိုမန်ဒက်စ်ဟာ...

ဆုဖလားအရေအတွက်ကို (၄၇)ခုအထိ တိုးပြီး ၂၀၂၄ ကို အဆုံးသတ်နိုင်ဖို့ မက်ဆီ ရည်မှန်း

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ဒီရာသီမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်နေတဲ့ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၄ ရာသီအဆုံးမသတ်ခင် ဆုဖလား(၂)လုံးရယူကာ သူ့ရဲ့ဆုဖလားအရေအတွက်ကို (၄၇)ခုအထိ တိုးနိုင်ဖို့ရည်မှန်းထားပါတယ်။ ဒဏ်ရာကြောင့် ဇူလိုင်ကတည်းက အနားယူနေခဲ့ရတဲ့ မက်ဆီဟာ ဖီလာဒဲလ်ဖီးယားအသင်းကို (၁-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက်...

စပါးအသင်းရဲ့ခရီးသွားလာမှုအစီအစဉ် အပေါ် ရိုမဲရိုး ဝေဖန်ပြီး နောက်ပိုင်းမှာ ပို့စ်ကို ပြန်ဖျက်ခဲ့

မနေ့က စပါး(ဝ-၁)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးဟာ စပါးအသင်းရဲ့ခရီးသွားလာမှုအစီအစဉ်အပေါ် ဝေဖန်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ ဒီပွဲမှာ ရိုမဲရိုးဟာ အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်လ်ခေါင်းတိုက်သွင်းယူတဲ့ဂိုးမှာ သူ့ရဲ့အမှားမကင်းဘူးဆိုပြီး ပြစ်တင်ဝေဖန်မှုတွေကို ခံနေရတာပါ။ ဒါပေမယ့် ရိုမဲရိုးက အာဂျင်တီးနားအသင်းအတွက်...

အရှုံးကနေ ချက်ခြင်း ပြန်လည်ရုန်းထနိုင်ဖို့ ကစားသမားတွေကို အာနီဆလော့ တိုက်တွန်း

မနေ့က လီဗာပူးလ်(ဝ-၁)နော်တင်ဂမ်ဖောရက်စ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ဟာ လီဗာပူးလ်အသင်းရဲ့ရှုံးပွဲကြောင့် စိတ်ပျက်နေပြီး ဒီအရှုံးကနေ ချက်ချင်းပြန်လည်ရုန်းထနိုင်ဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။ ရာသီအစပရီးမီးယားလိဂ်(၃)ပွဲစလုံးကို ပေးဂိုးမပေးရဘဲ ရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်ကစားတဲ့ ပထမဆုံးပွဲမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ လီဗာပူးလ်အသင်းဟာ...

ဘရာဇီးလ်နိုင်ငံက အရန်အသင်းပွဲမှာ ဒေါသစိတ်ကို ထိန်းချုပ်နိုင်ခြင်းမရှိလို့ ဒီယေဂိုကော်စတာ ထုတ်ပယ်ခံရ

စပိန်တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာဟာ ဂရီမီယိုအရန်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ဖလားပွဲစဉ်မှာ ဒေါသစိတ်ကိုထိန်းချုပ်နိုင်ခြင်းမရှိလို့ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီယေဂိုကော်စတာဟာ ဂျူဗင်တူဒီအရန်အသင်းနဲ့ ပွဲစဉ်မှာ ဂရီမီယိုအရန်အသင်းအတွက်ပါဝင်ခဲ့ပြီး ဒီပွဲစဉ်ဟာ ယူ-၂၀ ကစားသမားအများအပြားပါဝင်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒီယေဂိုကော်စတာဟာ သူ့ကိုဖျက်ထုတ်ခဲ့တဲ့ ပြိုင်ဘက်ကစားသမားနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အင်္ကျီကိုဆွဲကိုင်ကာ တွန်းထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ အသင်း(၂)သင်းက...

ချယ်လ်ဆီးအတွက် ပွဲဦးထွက်မှာ POTM ရခဲ့တဲ့ ဆန်ချို မန်ယူနိုက်တက်နဲ့ တန်ဟတ်ကို စောင်းမြောင်း ပြောဆို

မနေ့က ဘုန်းမောက်(ဝ-၁)ချယ်လ်ဆီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ပွဲဦးထွက်အဖြစ်ပါဝင်ခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုက ပွဲအပြီးအင်တာဗျူးမှာ သူ့ရဲ့အသင်းဟောင်း မန်ယူနိုက်တက်နဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကိုစောင်းမြောင်း ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့က မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ ဒီပွဲမှာချယ်လ်ဆီးအသင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမား...

ချယ်လ်ဆီးအသင်းရဲ့ပရီးမီးယားလိဂ် လူစာရင်းမှာ သီးခြား လေ့ကျင့်နေတဲ့ ဘင်ချီဝဲလ် ပါဝင်

အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းကြီးနဲ့ သီးခြားလေ့ကျင့်မှုတွေပြုလုပ်နေပေမယ့် ပရီးမီးယားလိဂ်ထံ တင်သွင်းခဲ့တဲ့ ပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပြန်လည်ပါဝင်နိုင်မယ့် မျှော်လင့်ချက်ရှိလာခဲ့ပြီး နည်းပြ မာရက်စ်ကာဟာ အဖြေရှာဖွေဖို့အတွက် သူနဲ့တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပါတယ်။ ဘင်ချီဝဲလ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင်အထိ...

နူနက်ဇ်နဲ့ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အဲဗာတန်ကို ဟိုက်တင်ဂါ လှောင်ပြောင်

လီဗာပူးလ်အသင်းလက်ထောက်နည်းပြ ဟိုက်တင်ဂါဟာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဟောင်း အဲဗာတန်အသင်းကို လှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ရာသီအစပရီးမီးယားလိဂ်(၃)ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရယူထားပေမယ့် မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းကတော့ (၃)ပွဲစလုံးအရေးနိမ့်ပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရပ်တည်နေတာပါ။ အဲဗာတန်အသင်းဟာ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ...