Talks

ပြီးခဲ့တဲ့(၂)နှစ်အတွင်း အင်္ဂလန်မှာ မန်စီးတီးပြီးရင် မိမိတို့ဖလားအများဆုံးဆိုပြီး ဆိုးလ်ရှားကို တုံ့ပြန်ခဲ့တဲ့ တန်ဟတ်

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့(၂)နှစ်အတွင်း အင်္ဂလန်မှာ မန်စီးတီးအသင်းပြီးရင် ဆုဖလားအများဆုံးရယူထားတဲ့အသင်းဖြစ်တယ်လို့ ဆိုခဲ့ပြီး နည်းပြဟောင်း ဆိုးလ်ရှားရဲ့ဝေဖန်မှုကို တုံ့ပြန်ခဲ့ပါတယ်။ ဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းအနေနဲ့ တိုးတက်မှုရှိမလာဘူးဆိုတာ အမှတ်ပေးဇယားရပ်တည်မှုတွေက သက်သေခံနေတယ်လို့ ဝေဖန်ခဲ့တာကို တန်ဟတ်က မီဒီယာတွေဆီကတစ်ဆင့် တုံ့ပြန်ခဲ့တာပါ။...

ပေါ်တူဂီလက်ရွေးစင်ကနေ အနားယူဖို့က မိမိအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ စီရော်နယ်ဒို ဆို

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ပေါ်တူဂီအသင်းကနေ အနားယူဖို့က သူ့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်မဟုတ်ပေမယ့် အခုအချိန်အနားယူမှာမဟုတ်သေးဘူးလို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ပေါ်တူဂီအသင်းအတွက် သူ့မှာပေးစရာတွေအများကြီးရှိသေးတယ်လို့လည်း ယုံကြည်နေသူပါ။ ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း(၂၁၂)ပွဲပါဝင်ကစားထားပြီး (၁၃၀)ဂိုးသွင်းယူထားတဲ့ စီရော်နယ်ဒိုဟာ ဒီနောက်ပိုင်းမှာ မကြာခဏဆိုသလို...

လူမျိုးရေးခွဲခြားခံရမှုတွေ ထပ်မံကြုံတွေ့ရရင် ရီးရဲလ်ကစားသမားတွေ ကွင်းထဲကထွက်ခွာမယ်လို့ ဗင်နီစီယပ်စ်ဆို

ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်က ဒီရာသီမှာ လူမျိုးရေးခွဲခြားမှုတွေထပ်မံကြုံတွေ့ရရင် သူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဟာ ကွင်းထဲကနေ ထွက်ခွာမယ်လို့ ဆိုခဲ့ပါတယ်။ ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လာလီဂါပြိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့လူမျိုးရေးခွဲခြားမှုကို အကြိမ်ပေါင်းများစွာခံခဲ့ရတဲ့သူပါ။ ဗင်နီစီယပ်စ်ဟာ အခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုတစ်ခုမှာ သူဟာ လူမျိုးရေးခွဲခြားမှုအများအပြားနဲ့...

ရီးရဲလ်မက်ဒရစ်အသင်းကို ကားတစ်စီးလို အရှိန်အတက်အကျထိန်းချုပ်ခဲ့တဲ့ တိုနီကရုးစ်

မော်တော်ကားတစ်စီးမှာ အင်ဂျင်က အဓိကကျတဲ့အရာတစ်ခုဖြစ်ပြီး ကားရဲ့အရှိန်အနှေးအမြန်ကို အဓိကထိန်းချုပ်တဲ့ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဂျာမန်ကွင်းလယ်လူတိုနီကရူးစ်ဟာ အသင်းကို အင်ဂျင်တစ်လုံးလို အဓိကထိန်းချုပ်မောင်းနှင်သွားခဲ့တာကို သူနဲ့အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုးက အခုလိုဖွင့်ဟဝန်ခံခဲ့ပါတယ်။ ''ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲတွေက အမြဲတမ်း တိုနီကရူးစ်ရဲ့စည်းချက်နောက်ကို လိုက်နေရတာဗျ။ တကယ်လို့ သူက...

ရိုးမားထံပြောင်းရွှေ့ပြီးနောက် ဂျီရိုနာကို အသင်းငယ်လို့ ဒေါ့ဗ်ဘိခ် တံဆိပ်ကပ်ပြောဆို

ယူကရိန်းတိုက်စစ်မှူး ဒေါ့ဗ်ဘိခ်ဟာ စီးရီးအေကလပ် ရိုးမားအသင်းထံ ပြောင်းရွှေ့ပြီးနောက် သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ဂျီရိုနာအသင်းကို အသင်းငယ်လို့ တံဆိပ်ကပ်ပြောဆိုခဲ့ပါတယ်။ ဒေါ့ဗ်ဘိခ်ဟာ ပြီးခဲ့တဲ့ရာသီက စပိန်လာလီဂါပြိုင်ပွဲမှာ အဆင့်(၃)နေရာရပ်တည်ခဲ့တဲ့ ဂျီရိုနာအသင်းအတွက် အမှတ်ပေးပွဲ(၃၆)ပွဲပါဝင်ကစားခဲ့ပြီး (၂၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၈)ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသနိုင်တဲ့သူပါ။ ဂျီရိုနာအသင်းမှာ ပြသခဲ့တဲ့...

ကလပ်ဂန္တဝင်တွေအပေါ် ဘာစီလိုနာရဲ့ ပြုမူဆက်ဆံပုံကို ဆန်းချက်ဇ်ဖလော့ရန့်စ် ဝေဖန်

ဘာစီလိုနာအသင်းဟာ ဇာဗီကို နည်းပြရာထူးက ထုတ်ပယ်လိုက်ပြီးနောက်မှာ ဆီဗီလာအသင်းနည်းပြ ဆန်းချက်ဇ်ဖလောရက်စ်က ကလပ်ရဲ့ဂန္ထဝင်တွေအပေါ် ဘာစီလိုနာအသင်းရဲ့ပြုမူဆက်ဆံပုံတွေကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ ဇာဗီဟာ ရာသီအကုန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ဆက်ရှိမယ်လို့ အတည်ပြုပြီးနောက်(၄)ပတ်အကြာမှာ ဘာစီလိုနာအသင်းရဲ့ထုတ်ပယ်ခြင်းကိုခံခဲ့ရတာပါ။ ဇာဗီဟာ ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခက်အခဲတွေကို...

ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မိမိတို့ အနိုင်ယူမယ်လို့ ဒီရွန်းဆို

ဒီနေ့ကစားမယ့် အတ္တလန်တာ-လေဗာကူဆင် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မတိုင်ခင်မှာ အတ္တလန်တာကွင်းလယ်လူ ဒီရွန်းက သူတို့ဟာ ဒီရာသီမှာရှုံးပွဲလုံးဝမရှိသေးတဲ့ လေဗာကူဆင်အသင်းကို အနိုင်ယူနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိတာ (၅၁)ပွဲအထိရှိခဲ့ပြီဖြစ်ပြီး ဘွန်ဒစ်လီဂါဖလားကို သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ရယူနိုင်ခဲ့သလို နောက်ထပ်ဆုဖလား(၂)လုံးရယူနိုင်မယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ လေဗာကူဆင်အသင်းကို...