Month: May 2024

ဖီနာဘာချီအသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ မော်ရင်ဟို သဘောတူညီမှုရရှိ

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်ချုပ်ဆိုကာ ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ မော်ရင်ဟိုဟာ နည်းပြ အစ္စမေးလ်ကာတဲလ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ဖီနာဘာချီအသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်သွားမှာပါ။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းအချို့ရဲ့ကမ်းလှမ်းမှုကို...

တစ်ချိန်က လာလီဂါကြယ်ပွင့်တွေ လွှမ်းမိုးလာတဲ့ အင်တာမိုင်ယာမီ

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ တစ်ချိန်က ဘာစီလိုနာအသင်းမှာ လက်တွဲညီညီကစားခဲ့တဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ ဆာဂျီယိုဘူးစကွက်စ်၊ ဂျော်ဒီအယ်လ်ဘာအစရှိတဲ့ ကစားသမားတွေ ကစားနေပြီး အသင်းကို ပူးတွဲပိုင်ဆိုင်ထားသူကတော့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်းဒေးဗစ်ဘက်ခမ်ဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းကို လာလီဂါမှာ ကစားသမားဘဝဖြတ်သန်းခဲ့သူတွေ လွှမ်းမိုးနေရာယူထားတာ မပြီးဆုံးသေးပါဘူး။ မကြာခင်အချိန်အတွင်း...

ဘဏ္ဍာရေးအခြေအနေကြောင့် ဟန်ဆီဖလစ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို ဘာစီလိုနာ စာရင်းသွင်းနိုင်ခြင်းမရှိ

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေဖြစ်နေတာကြောင့် ဂျာမနီလူမျိုးနည်းပြ ဟန်ဆီဖလစ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို ကလပ်ရဲ့နည်းပြအဖြစ် တရားဝင်စာရင်းသွင်းနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဘာစီလိုနာအသင်းဟာ ကစားသမားဟောင်း ဇာဗီကို နည်းပြရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဟန်ဆီဖလစ်ကို နည်းပြသစ်အဖြစ်...

လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကို အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီလို့ သတင်းထွက်

လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဆက်စ်ကိုဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှုရရှိခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးအသင်းလက်ထဲကနေ ရယူနိုင်အောင် ကစားသမားသစ်တွေဖြည့်တင်းဖို့ အခုကတည်းက ပြင်ဆင်နေပြီး တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းအောင် ဆက်စ်ကိုခေါ်ယူဖို့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။...

ဥရောပထိပ်တန်းလိဂ် ချန်ပီယံဆုတွေကို အသီးသီးကိုင်မြှောက်နိုင်ခဲ့တဲ့ ဆွစ်ဇာလန်ကစားသမား (၃)ဦး

ဒီရာသီဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၃)ခုမှာ ဆွစ်ဇာလန်ကစားသမား(၃)ဦးက ဆုဖလားတွေကိုအသီးသီး ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင်အသင်းရဲ့တတိယအသင်းခေါင်းဆောင်ဖြစ်သူ ဂိုးသမားဆွန်မားက အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ဆွစ်ဇာလန်လက်ရွေးစင်နောက်ခံလူ အကန်ဂျီက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင်အသင်းခေါင်းဆောင် ကွင်းလယ်လူရှာကာကတော့ လေဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဥရောပမှာ...

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြိုင်ဘက်ဒေါ့မွန်ထက် ဗိုလ်စွဲဖို့ နှစ်ဆနီးပါးဖြစ်နိုင်ခြေရှိနေတဲ့ ရီးရဲလ်

မနက်ဖြန်ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်အသင်းက ချန်ပီယံဖြစ်ဖို့ အခွင့်အရေးဘယ်လောက်ရှိသလဲဆိုတာကို Opta ကွန်ပြူတာက အသေးစိတ်ကိန်းဂဏန်းတွေနဲ့ ထုတ်ပြန်ပေးခဲ့ပါတယ်။ ဘောလုံးအချက်အလက်တွေကို ပုံမှန်ထုတ်ပြန်ပေးနေတဲ့ Opta က စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံဖြစ်မယ့် ဖြစ်နိုင်ခြေကို (၆၄.၂%)အထိ သတ်မှတ်ထားပြီး ဂျာမန်ကလပ်ဒေါ့မွန်အသင်း ချန်ပီယံဖြစ်မယ့်...

တုပ်ကွေးကြောင့် လန်ဒန်ကို ရီးရယ်လ်မက်ဒရစ်အသင်းနဲ့အတူ ဂိုးသမားလူနင် လိုက်ပါဖွယ်မရှိ

ရီးရယ်လ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အတွက် ကြာသပတေးနေ့မှာ လန်ဒန်ကို သွားရောက်မှာဖြစ်ပေမယ့် ယူကရိန်းဂိုးသမား လူနင်ဟာ သူတို့နဲ့အတူ လိုက်ပါဖွယ်မရှိဘူးလို့ သိရပါတယ်။ လူနင်ဟာ အခုရက်သတ္တပတ်ထဲမှာ တုပ်ကွေးရောဂါခံစားနေရတာကြောင့် သူတစ်ဦးတည်း လန်ဒန်ကို ထွက်ခွာလာဖွယ်ရှိနေတယ်လို့ The Sun...

Youtuber Speed လောက်တောင်နေရာပေးမခံရလို့ အသင်းအပေါ် မန်ယူနိုက်တက်ဝန်ထမ်းတွေ မကျေနပ်

မန်ယူနိုက်တက်အသင်းက ဝန်ထမ်းအတော်များများဟာ အသင်းတာဝန်ရှိသူတွေရဲ့ အဆင့်အတန်းခွဲခြားမှုနဲ့ သူတို့အပေါ်အရေးတယူမပြုဘဲ လျစ်လျူရှုဆက်ဆံခြင်းအပေါ် မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ FA ဖလားဗိုလ်လုပွဲအပြီး ပါတီပွဲကို မန်ယူနိုက်တက်အသင်းက အောက်ခြေဝန်ထမ်းတွေ တက်ရောက်ခွင့်မရခဲ့ဘဲ အသင်းထိပ်တန်းတာဝန်ရှိသူတွေပဲ တက်ခွင့်ရခဲ့ပါတယ်။ အရင်ကဆိုရင် ဒီလိုဖလားပြိုင်ပွဲတွေမှာ...

နစ္စတယ်ရွိုင်းကို မာရက်စ်ကာရဲ့ နေရာမှာ အစားထိုးပြီး နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လက်စတာ စဉ်းစား

လက်စတာအသင်းဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်မယ့် နည်းပြ မာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့အတွက် PSV အသင်းနည်းပြဟောင်း နစ္စတယ်ရွိုင်းကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မာရက်စ်ကာဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်(၈)ဦးနဲ့အတူ ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံရကြောင်း မကြာခင်ရက်ပိုင်းအတွင်းမှာ ကြေညာခံရဖွယ်ရှိနေတာပါ။ PSV အသင်းနည်းပြဟောင်း မန်ယူနိုက်တက်ဂန္တဝင်...

မေလ ၃၀ ရက်နေ့ သတင်းအတိုအထွာ စုစည်းမှုများ

■ လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့ဟာ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နေရာမှာ အစားထိုးဖို့ အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဝက်ကင်စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ■ မန်ယူနိုက်တက်အသင်းဟာ ဂီတာဖေးအသင်းကနေ အငှားနဲ့...