News (Injury)

တံကောက်ကြော ဒဏ်ရာမသက်သာသေးလို့ ရီးစ်ဂျိမ်းစ် ပြန်ကစားနိုင်ဖွယ် မရှိသေး

အင်္ဂလန်ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ရဲ့တံကောက်ကြောဒဏ်ရာဟာ ပြန်ကောင်းလာဖို့မျှော်လင့်ထားတာထက် ပိုပြီးရှည်ကြာနိုင်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် ပြန်ကစားပေးနိုင်ဖို့နှောင့်နှေးဖွယ်ရှိနေပါတယ်။ ရီးစ်ဂျိမ်းစ်ရဲ့ဒဏ်ရာအခြေအနေတိုးတက်မှုဟာ နှေးကွေးနေတာကြောင့် သူ့ရဲ့တံကောက်ကြောဒဏ်ရာက မျှော်လင့်ထားသလို မသက်သာဘူးလို့ ချယ်လ်ဆီးအသင်းဆရာဝန်တွေက ယုံကြည်နေကြတာပါ။ ရီးစ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာက တံကောက်ကြောခွဲစိတ်မှုကြောင့် ကာလရှည်ကြာအနားယူခဲ့ရပြီး နွေရာသီမှာ...

အော်လ်မို (၄)ပတ်ကနေ (၅)ပတ်ကြာအထိ အနားယူရမယ်လို့ ဘာစီလိုနာ အတည်ပြု

စပိန်ကြယ်ပွင့် အော်လ်မိုဟာ ဒဏ်ရာကြောင့်(၄)ပတ်ကနေ (၅)ပတ်ကြာအထိ အနားယူရမယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။ အော်လ်မိုဟာ ဘာစီလိုနာအသင်းက ဂျီရိုနာအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေအရ ညာဘက်ပေါင်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာပါ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက လိုက်ပ်ဇစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့...

စပါး-အာဆင်နယ်ပွဲမှာ ဆာကာဒဏ်ရာရခဲ့ပြီး အာဆင်နယ်အတွက် နောက်ထပ် ဒဏ်ရာစိုးရိမ်မှု ကြုံတွေ့ခဲ့ရ

မနေ့က စပါး(ဝ-၁)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အင်္ဂလန်တောင်ပံကစားသမား ဆာကာ ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ပွဲကြီးပွဲကောင်းတွေမတိုင်ခင် နောက်ထပ်ဒဏ်ရာစိုးရိမ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဆာကာဟာ ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ နောက်ခံလူ ဂါဘရီရယ်လ်ရဲ့သွင်းဂိုးကို ဖန်တီးနိုင်ခဲ့ပေမယ့် ပွဲချိန်(၈၆)မိနစ်မှာ လဲကျခဲ့ပြီး ပွဲကိုဆက်ကစားနိုင်ခြင်းမရှိတော့တာပါ။...

အော်ဒီဂါ ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး ကြီးမားတဲ့ ဒဏ်ရာထိုးနှက်ချက်နဲ့ အာဆင်နယ် ရင်ဆိုင်နေရ

နော်ဝေအသင်းအတွက် ပါဝင်ကစားရင်း အသင်းခေါင်းဆောင် အော်ဒီဂါခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် ကြီးမားတဲ့ဒဏ်ရာထိုးနှက်ချက်နဲ့ ရင်ဆိုင်နေရပါတယ်။ အော်ဒီဂါဟာ နော်ဝေအသင်းက သြစတြီးယားအသင်းကို(၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲကထွက်ခွာချိန်မှာ ငိုကြွေးနေခဲ့တာပါ။ အော်ဒီဂါဟာ ဒဏ်ရာကြောင့်...

ဆေးစစ်မှု မအောင်မြင်ပြီးနောက် အယ်လ်ဟီလယ်ထံ နေမာပြန်လာနိုင်ဖို့ နောက်ထပ်(၂)လကြာ နောက်ကျဖွယ်ရှိ

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် အမြန်ဆုံးပြန်ကစားပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပေမယ့် ဆေးစစ်မှုမအောင်မြင်ခဲ့တာကြောင့် ပြန်လာနိုင်ဖို့ နောက်ထပ်(၂)လကြာနောက်ကျဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီက PSG အသင်းကနေ ပေါင်(၇၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးဖို့မျှော်လင့်ခဲ့ပေမယ့် ဥရုဂွေးအသင်းနဲ့ ၂၀၂၆...

ပြင်သစ်-အီတလီပွဲမှာ ကာလာဖီအိုရီ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းစိုးရိမ်စရာဖြစ်နေ

မနေ့က ပြင်သစ်(၁-၃)အီတလီ Nations League ပွဲမှာ အီတလီနောက်ခံလူ ကာလာဖီအိုရီ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာလက ဘိုလော့ဂ်နာအသင်းကနေ ပေါင်(၄၂)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကာလာဖီအိုရီဟာ ဒီပွဲစဉ်မှာ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီနဲ့ ထိခိုက်မိပြီး...

ကြွက်သားဒဏ်ရာကြောင့် ဘရာဇီးလ်လေ့ကျင့်ရေးစခန်းကနေ မီလီတာအို ထွက်ခွာ

ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ မီလီတာအိုဟာ ကြွက်သားဒဏ်ရာကြောင့် အီကွေဒေါ၊ပါရာဂွေးအသင်းတို့နဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမတိုင်ခင် ဘရာဇီးလ်အသင်းလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာခဲ့တယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ထုတ်ပြန်ခဲ့ပါတယ်။ မီလီတာအိုရဲ့ဒဏ်ရာဟာ ဘရာဇီးလ်အသင်းအတွက်ရော ရီးရဲလ်မက်ဒရစ်အသင်းအတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တာပါ။ မီလီတာအိုဟာ ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းရဲ့ဒီခြေစစ်ပွဲ(၂)ပွဲစလုံးကို ပါဝင်နိုင်ခြင်းမရှိတော့တာ...

အာဆင်နယ်နဲ့ပထမဆုံးလေ့ကျင့်ခန်း အစီအစဉ်မှာ ပခုံးရိုးကျိုးခဲ့တဲ့ မယ်ရီနို(၂)လခန့် အနားယူရဖွယ်ရှိ

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်လူ မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ပခုံးရိုးကျိုးသွားခဲ့တာကြောင့် (၂)လနီးပါးကြာ အနားယူရဖွယ်ရှိနေပါတယ်။ မယ်ရီနိုဟာ အာဆင်နယ်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ဘရာဇီးလ်နောက်ခံလူ ဂေဘရီရယ်လ်နဲ့ တိုက်မိပြီး ပခုံးရိုးကျိုးသွားခဲ့တဲ့အတွက် အနားယူရမယ်လို့ နည်းပြအာတီတာက အတည်ပြုထားတာပါ။...

ဖရန်ကီဒီယွန်းရဲ့ဒဏ်ရာအခြေအနေပေါ် စိတ်ပျက်ပြီး ဘာစီလိုနာ ရာဇသံပို့ထားကြောင်း သတင်းထွက်ပေါ်

ဘာစီလိုနာအသင်းဟာ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းရဲ့ဒဏ်ရာအခြေအနေအပေါ် စိတ်ပျက်ပြီး သူ့ကိုရာဇသံပို့ကာ နောက်ဆုံးရက်သတ်မှတ်ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိ ဖရန်ကီဒီယွန်းဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ Clasico ပွဲမှာ ညာဘက်ခြေချင်းဝတ်ဒဏ်ရာရရှိပြီးနောက် ဧပြီကတည်းက ပွဲကစားနိုင်ခြင်းမရှိခဲ့တာပါ။ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ ဖရန်ကီဒီယွန်းကို ဒီရာသီအစပွဲစဉ်တွေမှာ...

အာဆင်နယ်အသင်းနဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ လေ့ကျင့်ခန်းမှာ ကစားသမားသစ် မယ်ရီနို ဒဏ်ရာရ

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်လူ မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ နည်းပြ အာတီတာက အတည်ပြုခဲ့ပါတယ်။ မယ်ရီနိုဟာ လေ့ကျင့်ခန်းအစီအစဉ်မှာရခဲ့တဲ့ ပခုံးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရမယ်လို့လည်း အာဆင်နယ်အသင်းနည်းပြ အာတီတာက မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့တာပါ။...