လျှပ်စစ်စကူတာ စီးနေတဲ့ပို့စ်ကြောင့် ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှု လင်ဂတ်ခံနေရကြောင်း သတင်းထွက်

0

မန်ယူနိုက်တက်အသင်းကြယ်ပွင့်ဟောင်း လင်ဂတ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တဲ့ပို့စ်ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုခံနေရတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ လင်ဂတ်ဟာ အသင်းလက်မဲ့အဖြစ်လပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် ဖေဖော်ဝါရီက တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

လင်ဂတ်ဟာ FC ဆိုးလ်အသင်းကစားသမားဘဝအစမှာ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူရပြီးနောက် ပြန်ကစားနိုင်ချိန်မှာ ခြေစွမ်းပြသွင်းဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိ လင်ဂတ်ဟာ FC ဆိုးလ်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေရသလို ပါဝင်ကစားထားတဲ့ (၁၈)ပွဲမှာ (၄)ဂိုးသွင်းယူထားတာပါ။ လင်ဂတ်က သူဟာ အပြုံးတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့တာကြောင့် အာရှမှာပျော်ရွှင်နေပြီလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် YTN က လင်ဂတ်ဟာ လိုင်စင်မရှိဘဲ လျှပ်စစ်စကူတာစီးတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကို ခံနေရတယ်လို့ဖော်ပြထားတာပါ။ လင်ဂတ်ဟာ စက်တင်ဘာ(၁၆)ရက်က သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဓါတ်ပုံတင်ခဲ့ပြီးနောက် ဒီဖြစ်ရပ်ဖြစ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ဒီပုံကိုဖျက်လိုက်ပြီဖြစ်ပါတယ်။

FC ဆိုးလ်အသင်းဟာ ဒီရာသီ ကေလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း(၃၀)ကစားထားပြီး ရမှတ်(၄၆)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၅)နေရာမှာ ရပ်တည်နေတာပါ။ FC ဆိုးလ်အသင်းဟာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဒေဂူးအသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *