Month: June 2024

၃၀.၆.၂၀၂၄ ရဲ့ သတင်းအတိုအထွာများ စုစည်းမှု

■ မာဆေးလ်အသင်းဟာ ဘရိုက်တန်အသင်းနည်းပြဟောင်း ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဘရိုက်တန်အသင်းကို သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ဒီဇာဘီဟာ မာဆေးလ်အသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ■ နယ်သာလန်အသင်းတိုက်စစ်ကစားသမား ဒီပိုင်းဟာ ကလပ်ကနေ အလွတ်နဲ့ ထွက်ခွာပြီလို့...

ဂျော်ဂျီယာနဲ့ပွဲမှာ လာမင်းယာမားလ်ကို ည(၁၁)နာရီ မတိုင်ခင် လူစားမလဲဘူးလို့ စပိန်နည်းပြ အတည်ပြု

ဒီနေ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် စပိန်-ဂျော်ဂျီယာပွဲမှာ တောင်ပံကစားသမား လာမင်းယာမားလ်ကို ည(၁၁)နာရီမတိုင်ခင် လူစားလဲသွားမှာမဟုတ်ဘူးလို့ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက အတည်ပြုခဲ့ပါတယ်။ ဂျာမနီနိုင်ငံရဲ့အလုပ်သမားစည်းမျဉ်းတွေအရ အသက်(၁၈)နှစ်အောက် ကလေးသူငယ်/လူငယ်တွေကို ည(၁၁း၀၀)နာရီနောက်ပိုင်းမှာ အလုပ်လုပ်ခိုင်းခွင့်မရှိတာကြောင့်...

ဂျာမနီ-ဒိန်းမတ်ပွဲစဉ်က VAR ဆုံးဖြတ်ချက်တွေကို ဘောလုံးသုံးသပ်သူတွေ ဝေဖန်

မနေ့က ဂျာမနီ(၂-ဝ)ဒိန်းမတ် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်က VAR ရဲ့ဆုံးဖြတ်ချက်တွေကို ဘောလုံးပွဲသုံးသပ်သူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒီပွဲစဉ်မှာ ဒိန်းမတ်အသင်းနောက်ခံလူ အန်ဒါဆန်ဟာ VAR အိပ်မက်ဆိုးကို(၂)ကြိမ်ခံစားခဲ့ရပြီး ပရိသတ်တွေက ဒိန်းမတ်အသင်းဟာ လုယက်ခံခဲ့ရတယ်လို့...

ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် အီတလီ ပရိသတ်တွေကို ဒွန်နာရမ်မာ တောင်းပန်

မနေ့က ဆွစ်ဇာလန်(၂-ဝ)အီတလီ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်အပြီးမှာ အီတလီအသင်းပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် အသင်းခေါင်းဆောင် ဒွန်နာရမ်မာက အီတလီပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ယူရိုပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ အီတလီအသင်းဟာ ဒီပွဲစဉ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေနဲ့ ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရတာကြောင့်...

ယူရို-၂၀၂၄ Round of 16 အဆင့် ဂျာမနီ(၂-ဝ)ဒိန်းမတ်ပွဲ Highlight Video

■ Video -ယူရို-၂၀၂၄ Round of 16 အဆင့် ဂျာမနီ(၂-ဝ)ဒိန်းမတ်ပွဲမှာ ဂျာမန်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်သွင်းယူခဲ့တဲ့ပယ်နယ်တီဂိုး(၅၃ မိနစ်)နဲ့ ကွင်းလယ်တိုက်စစ်ကစားသမားမူဆီယာလာသွင်းယူခဲ့တဲ့ ဒုတိယဂိုး(၆၈ မိနစ်)

ယူရို-၂၀၂၄ Round of 16 အဆင့် ဆွစ်ဇာလန်(၂-ဝ)အီတလီပွဲ Highlight Video

■ Video - ယူရို-၂၀၂၄ Round of 16 အဆင့် ဆွစ်ဇာလန်(၂-ဝ)အီတလီပွဲမှာ ဆွစ်ဇာလန်တိုက်စစ်မှူးအမ်ဘိုလိုရဲ့ ကန်သွင်းချက်ကို အီတလီဂိုးသမားဒွန်နာရမ်မာရဲ့ကာကွယ်မှု၊ ပွဲချိန်(၃၇)မိနစ်မှာ ဆွစ်ဇာလန်အတွက် တောင်ပံကစားသမားဗားဂတ်စ်ရဲ့ပေးပို့မှုကနေ ကွင်းလယ်လူဖရူလာသွင်းယူခဲ့တဲ့ဂိုး၊ ပွဲချိန်(၄၆)မိနစ်မှာ ဗားဂတ်စ်သွင်းယူခဲ့တဲ့ ဒုတိယဂိုး။

လက်ရှိချန်ပီယံ အီတလီ ပြိုင်ပွဲကထွက်ခဲ့ရပြီး အိမ်ရှင်ဂျာမနီ ဆက်ချီတက်ခဲ့ရတဲ့ ယူရို-၂၀၂၄

ဆွစ်ဇာလန်(၂-ဝ)အီတလီဂျာမနီ(၂-ဝ)ဒိန်းမတ် (ယူရို-၂၀၂၄ Round of 16) ယူရို-၂၀၂၄ Round of 16 အဆင့်မှာပဲ လက်ရှိချန်ပီယံအီတလီအသင်းက ဆွစ်ဇာလန်ကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက စောစောစီးစီးထွက်ခဲ့ရပါတယ်။ အီတလီအသင်း ပြိုင်ပွဲကထွက်ခဲ့ရတာမှာ အသင်းကြီးက အသင်းငယ်ကို...

ဖခင်ခြေရာနင်းပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားနေတဲ့ ကစားသမားများ

ယူရို-၂၀၂၄ပြိုင်ပွဲမှာ အရင်ယူရိုပြိုင်ပွဲတွေတုန်းက ကစားဖူးတဲ့ကစားသမားတွေရဲ့ မျိုးဆက်ကစားသမား(၅)ယောက်အထိ ပါဝင်နေပါတယ်။ ဒီမျိုးဆက်သစ်ကစားသမားတွေက ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီး နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်ကစားသမားဖြစ်လာတဲ့အပြင် ယူရိုပြိုင်ပွဲမှာ အဖေရောသားပါ ကစားဖူးတဲ့စံချိန်မှတ်တမ်းကို ရယူနိုင်ကြတာပါ။ ထူးခြားစွာပဲ ဒီကစားသမားတွေပါဝင်တဲ့ အသင်းအားလုံးက ဒီယူရိုပြိုင်ပွဲမှာ အုပ်စုအဆင့်ကို ကျော်လွန်ပြီး နောက်တစ်ဆင့် ဖြစ်တဲ့...

အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လီဗာပူးလ် ငြင်းပယ်

လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းတောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ နယူးကာဆယ်အသင်းဟာ အန်တိုနီဂေါ်ဒွန်ရဲ့အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းနောက်ခံလူ ကွင်ဆက်ကို အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် လိုချင်နေတာကြောင့် လီဗာပူးလ်အသင်းဟာ ဒီအပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ အန်တိုနီဂေါ်ဒွန်ကို နှစ်သက်ပေမယ့်...