Trending

ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်ကို အဖွင့်ပွဲမတိုင်ခင် လီဗာပူးလ် ဂိုးသမား အယ်လီဆန် ဝေဖန်

ဒီနေ့ကစားမယ့် အေစီမီလန်-လီဗာပူးလ် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင်မှာ လီဗာပူးလ်အသင်းဂိုးသမား အယ်လီဆန်က ဒီပြိုင်ပွဲရဲ့ပုံစံသစ်ကို ဝေဖန်ခဲ့ပါတယ်။ ဒီရာသီအတွက် ဘောလုံးပြက္ခဒိန်မှာ ပွဲစဉ်ဇယားတွေပိုပြီးများပြားလာတာကြောင့် အယ်လီဆန်က ပင်ပန်းနွမ်းနယ်နေတဲ့ ကစားသမားတွေရဲ့အမြင်က ပွဲစီစဉ်သူတွေအတွက် အရေးမကြီးဘူးလို့ ဆိုခဲ့တာပါ။ ပုံစံသစ်နဲ့ ပြောင်းလဲကျင်းပမယ့် ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းတိုင်းဟာ...

ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို လှောင်ပြောင်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေတဲ့ ဘန်တာကာ

စပါးအသင်းရဲ့ဥရုဂွေးကွင်းလယ်လူ ဘန်တာကာဟာ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို လှောင်ပြောင်ခဲ့တဲ့စကားကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေပါတယ်။ TV အင်တာဗျူးတစ်ခုမှာ ဘန်တာကာက ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေက ရုပ်ချင်းခွဲမရအောင် တူလို့ မိမိအနေနဲ့ မခွဲခြားနိုင်ဘူးလို့ ဟာသလုပ်ပြောဆိုခဲ့တာပါ။ ဘန်တာကာက ပေါ့ပေါ့ပါးပါး ဟာသလုပ်ပြောခဲ့တာဖြစ်ပေမယ့်...

ပရီးမီးယားလိဂ်မှာ အဝါကတ်စံချိန်တင်ခဲ့တဲ့ ဘုန်းမောက်-ချယ်လ်ဆီးပွဲ

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)က ဘုန်းမောက်(ဝ-၁)ချယ်လ်ဆီးပွဲမှာ နှစ်ဖက်အသင်းဟာ အဝါကတ်(၁၄)ကတ်အထိ အပြခံရပါတယ်။ ဒါဟာပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲတစ်ပွဲအတွင်းအဝါကတ်အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ ဒီပွဲမှာ ဒိုင်လူကြီး အန်တိုနီတေလာက ဘုန်းမောက်အသင်းကို အဝါကတ်(၆)ကတ်၊ ချယ်လ်ဆီးအသင်းကို အဝါကတ်(၈)ကတ်အထိ ပြခဲ့တာပါ။ နှစ်ဖက်အသင်းက ပွဲထွက်ကစားသမား(၆)ဦးစီ...

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မြောက်လန်ဒန်ဒါဘီ အဝေးကွင်းပွဲမှာ (၃)ပွဲဆက်နိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ် စပါး-အာဆင်နယ်ပွဲမှာ မြို့ခံပြိုင်ဘက်စပါးအသင်းကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး နောက်ခံလူ ဂါဘရီယယ်က တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ စပါးအသင်းရဲ့တော့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ (၃)ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီး ဒီလိုအနိုင်ရတာက...

လက်ရှိချန်ပီယံအသင်းဘက်ကို အမြန်ဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ ဝစ်ဆာ

.ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး-ဘရန်ဖို့ဒ်ပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းဘက်ကို ဘရန့်ဖို့ဒ်တောင်ပံတိုက်စစ်ကစားသမား ဝစ်ဆာသွင်းယူခဲ့တဲ့အဖွင့်ဂိုးဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းကို ပြိုင်ဘက်အသင်းက အမြန်ဆုံးသွင်းယူနိုင်တဲ့ဂိုးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ DR ကွန်ဂိုလက်ရွေးစင်တောင်ပံကစားသမား ဝစ်ဆာဟာ ပွဲအစ (၂၂)စက္ကန့်မှာပဲ မန်စီးတီးအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ထားတာကတော့...

၂၀၂၄ သြဂုတ်လရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးဂိုး

(Goal of the Month) ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်လရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးဂိုး(Premier League Goal of the Month)အဖြစ် ချယ်လ်ဆီးတောင်ပံကစားသမား ကိုးလ်ပါမားရဲ့ဂိုးက ရွေးချယ်ခံရပါတယ်။ သြဂုတ်လ(၂၅)ရက်နေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး(၂-၆) ဝုလ်ဗ်ပွဲမှာ ကိုးလ်ပါမားက...

၂၀၂၄ သြဂုတ်လရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြ ဟာဇယ်လာ

ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်လအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆု(Premier League Manager of the Month)ကို ဘရိုက်တန်အသင်းနည်းပြ ဖေဘီယန်ဟာဇယ်လာက ဆွတ်ခူးခဲ့ပါတယ်။ ဒီရာသီမှ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိလာပြီး ဘရိုက်တန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြဟာဇယ်လာဟာ ရာသီအစမှာ...

၂၀၂၄ သြဂုတ်လရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမား ဟာလန်း

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းရဲ့နော်ဝေလက်ရွေးစင်တိုက်စစ်မှူးအဲလင်းဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ပထမဆုံးလဖြစ်တဲ့ သြဂုတ်လအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု(Premier League Player of the Month)ကို ဆွတ်ခူးခဲ့ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို တတိယအကြိမ်ဆွတ်ခူးရရှိတာဖြစ်ပြီး ၂၀၂၂ သြဂုတ်လနဲ့ ၂၀၂၃ ဧပြီလတွေအတွက် ချီးမြှင့်တဲ့ဆုတွေကို ရယူခဲ့ဖူးပါတယ်။...

ပရီးမီးယားလိဂ်အသင်းသစ်တွေမှာ ကစားသမားသစ်တွေပွဲဦးထွက်ကစားကြမယ့် ရက်သတ္တပတ်

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းပြီး ရက်ပိုင်းအကြာမှာပဲ နိုင်ငံတကာရက်သတ္တပတ်ဝင်လာခဲ့တာကြောင့် ကလပ်အသင်းတချို့အနေနဲ့ အပြောင်းအရွှေ့ကာလ Deadline ရက်မတိုင်မီ သူတို့ ခေါ်ယူထားတဲ့ကစားသမားတွေကို အသင်းမှာ အသုံးပြုဖို့ အခက်အခဲရှိခဲ့ပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အပြီး ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၄)မှာ ပရိသတ်တွေအနေနဲ့ အသင်းသစ်တွေမှာ အသီးသီးကစားကြမယ့်...

ကလပ်အသင်းမှာရော၊ လက်ရွေးစင်မှာပါ ၂၀၂၄ အတွင်း ပွဲတိုင်းဂိုးသွင်းထားတဲ့ စီရော်နယ်ဒို

ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်နာဆာအသင်းရဲ့ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဒီရာသီမှာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ပွဲတိုင်းမှာ ဂိုးသွင်းထားပါတယ်။ စီရော်နယ်ဒိုဟာ ဒီရာသီ ကလပ်အသင်းဖြစ်တဲ့ အယ်လ်နာဆာအသင်းမှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်(၂)ပွဲကစားထားပြီး ပွဲစဉ်(၁) အယ်လ်နာဆာ(၁-၁) အယ်လ်အာရက်ဒ်ပွဲမှာ တစ်ဂိုး၊ ပွဲစဉ်(၂) အယ်လ်ဖေဟာ(၁-၄)အယ်လ်နာဆာပွဲမှာ တစ်ဂိုးသွင်းခဲ့ပါတယ်။ ဒါ့အပြင်သြဂုတ်လအတွင်းကစားခဲ့တဲ့ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်...