Local News (Myanmar)

မြန်မာ့လက်ရွေးစင်နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကြေညာ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၄-၂၅ ခုနှစ်အတွင်းမှာ နိုင်ငံတကာပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို စက်တင်ဘာကစတင်ပြီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီးနောက် မြန်မာအသင်းကို နည်းပြအဖြစ်တာဝန်ယူမှာပါ။ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းဖြစ်တဲ့ ဦးမျိုးလှိုင်ဝင်းဟာ ရန်ကုန်ယူနိုက်တက်၊ဧရာဝတီယူနိုတက်နဲ့ ရှမ်းယူနိုက်တက်အသင်းတို့အပြင်...

ဗီယက်နမ်အပြီး လာအိုကို သရေဆက်ကျလို့နောက်တစ်ဆင့် ဝေဝါးသွားတဲ့ မြန်မာအသင်း

မြန်မာ ယူ-၁၉ (၁-၁) လာအို ယူ-၁၉(၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်) အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘားယားမြို့မှာ ကျင်းပနေတဲ့ ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ-၁၉အသင်းဟာ ဒီနေ့ကစားခဲ့တဲ့ ဒုတိယပွဲမှာ လာအိုအသင်းကို...

၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ် ရာသီ ပထမဆုံးသွင်းဂိုးကို ဒေးဗစ်ထန်း သွင်းယူ

ဒီနေ့ ရန်ကုန်ယူနိုက်တက်(၂-ဝ)ရခိုင်ယူနိုက်တက် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁)မှာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင် ဒေးဗစ်ထန်းရဲ့သွင်းဂိုးဟာ ၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ်ရာသီရဲ့ပထမဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒေးဗစ်ထန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒီသွင်းဂိုးကို ပွဲချိန်(၃၅)မိနစ်မှာ သွင်းယူခဲ့တာပါ။ ဒီပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒုတိယသွင်းဂိုးကို ပွဲချိန်(၈၂)မိနစ်မှာ ကွင်းလယ်လူ...

မြောက်ကိုရီးယားကို ရှုံးနိမ့်ပြီး ရမှတ်တစ်မှတ်နဲ့အဆုံးသတ်ခဲ့တဲ့ မြန်မာအသင်းရဲ့၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ

မြောက်ကိုရီးယား(၄-၁)မြန်မာ ၂၀၂၆ ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲ(ဒုတိယအဆင့်)အုပ်စုနောက်ဆုံးပွဲမှာ မြန်မာအသင်းက မြောက်ကိုရီးယားအသင်းကို (၁-၄)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ရမှတ်(၁)မှတ်၊ အုပ်စုအောက်ဆုံးရပ်တည်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ လာအိုမှာ ကစားခဲ့တဲ့ ဒီပွဲမှာ မြန်မာအသင်းအနေနဲ့ အဓိကတိုက်စစ်မှူးအောင်သူမပါခဲ့ပေမယ့် ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ ဆောင်လမန်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊...