Football Cartoons

ဒိုလေးတို့ မက်ဆီတို့လို ကစားသမားတွေကို အားကျဖို့ ကွင်းထဲဘောပွဲ သွားကြည့်ဟု အမေက စေလွှတ်လိုက်သောအခါ

■ အမေ >> နင်တို့တွေ အိမ်ထဲမှာပဲ ဖုန်းတွေ၊ တပ်ဘလက်တွေနဲ့ ဂိမ်းကစားပြီး အချိန်ကုန်မနေနဲ့ .. မျက်လုံးပျက်မယ် .. တကယ့်ဘောလုံးပွဲလေး ဘာလေးလဲ သွားကြည့်ကြဦး။ ■ ကျွန်တော်နဲ့သူငယ်ချင်း >> ဟုတ်ကဲ့

ရော်ဘတ်ဆန် ပခုံးပေါ်က ကြက်တူရွေး

စကော့တလန်အသင်းခေါင်းဆောင် အန်ဒီရော်ဘတ်ဆန်ရဲ့ ဘယ်ဘက်ပခုံးပေါ်မှာ ကြက်တူရွေးတစ်ကောင် နားနေတယ်လို့ ထင်ရင် သင့်မျက်လုံးကို မျက်စိအထူးကုဆရာဝန်နဲ့ ပြန်စစ်ဖို့လိုနေပါပြီ။ အမှန်က သူ့ဘေးက ဂိုးသမားရဲ့လက်အိတ်နဲ့ ရေဘူးကိုင်ထားတဲ့လက်သာ ဖြစ်ပါတယ်

အရိပ်စစ်

၂၀၀၄ ခုနှစ်က အီတလီနိုင်ငံ၊ မီလန်မြို့က ဆန်စီရိုကွင်းမှာကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲကို ဘေဆယ်ပရိသတ်တစ်ဦးဖြစ်သူ ရော့ဖ်ဘန်တယ်က အခြားဘေဆယ်ပရိသတ်တွေနဲ့အတူ သွားကြည့်ခဲ့ပါတယ်။ ပွဲအပြီး အိမ်သာသွားရာမှာ အခြားဘေဆယ်ပရိသတ်တွေနဲ့ သူလူချင်းကွဲသွားခဲ့ပြီး အကြိုအပို့လုပ်ပေးတဲ့ ဘတ်စ်ကားကလည်း သူ့ကို...