Day: April 15, 2024

ရာသီကုန်ဖို့ (၅)ပွဲအလိုမှာ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ခဲ့ပြီး ဖလား(၃)လုံးရယူဖို့ နီးစပ်လာတဲ့ လေဗာကူဆင်

မနေ့က ကစားခဲ့တဲ့ ဝါဒါဘရီမင်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ လေဗာကူဆင်အသင်းက (၅-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး မိမိကွင်း၊ မိမိပရိသတ်ရှေ့မှောက်မှာ ဘွန်ဒစ်လီဂါချန်ပီယံအဖြစ် ပထမဆုံးအောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဘွန်ဒစ်လီဂါလက်ကျန်ပွဲစဉ်(၅)ပွဲအလိုမှာ လေဗာကူဆင်အသင်းအနေနဲ့ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်အသင်းကို ရမှတ်(၁၆)မှတ်အထိ ဖြတ်နိုင်တာကြောင့် ရာသီမကုန်ခင် စောစောစီးစီးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။...