မာရှယ်ရဲ့အပြောင်းအရွှေ့ကို ဂရိကလပ် AEK အေသင် အသင်း အတည်ပြု ကြေညာ

0

ဂရိကလပ် AEK အေသင်အသင်းဟာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာရှယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ အပြောင်းအရွှေ့ကို ကြေညာခဲ့ပါတယ်။

AEK အေသင်အသင်းက မာရှယ်ဟာ ဒီနေ့ညမှာ အေသင်လေဆိပ်ကိုရောက်ရှိလာမှာဖြစ်ပြီး ရောက်ရှိလာချိန်မှာ ပရိသတ်တွေက သူ့ကိုကြိုဆိုမှုတွေပြုလုပ်ဖို့မျှော်လင့်ထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။

မာရှယ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ (၉)နှစ်ကြာကစားခဲ့တဲ့ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တာဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းအများအပြားနဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ မာရှယ်ဟာ မကြာသေးခင်က ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် သူ့ရဲ့တောင်းဆိုမှုတွေကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီး အခု ဂရိကလပ် AEK အေသင်အသင်းထံ ပြောင်းရွှေ့ကာ ဥရောပဘောလုံးလောကမှာ ဆက်ပြီးရှိနေမှာပါ။

မာရှယ်ဟာ AEK အေသင်အသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး တစ်ရာသီကိုပေါင်(၂.၅)သန်းရရှိမယ်လို့ သိရပါတယ်။ အပိုဆုကြေးတွေအပါအဝင် စုစုပေါင်း ပေါင်(၇.၅)သန်းရှိတဲ့ ဒီသဘောတူညီမှုအရ မာရှယ်ဟာ AEK အေသင်အသင်းသမိုင်းမှာ လုပ်ခလစာအများဆုံးရရှိတဲ့ ကစားသမားဖြစ်လာမှာပါ။ မာရှယ်ဟာ AEK အေသင်အသင်းမှာ စပါးအသင်းကစားသမားဟောင်း လာမယ်လာ၊နော်ဒင်အမ်ရာဘတ်တို့နဲ့ တွဲဖက်ကစားရမှာဖြစ်ပါတယ်။

AEK အေသင်အသင်းဟာ ဒီရာသီဂရိစူပါလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိနေပြီး ရာသီအစပွဲစဉ်(၄)ပွဲကစားအပြီးမှာ (၃)ပွဲနိုင်၊(၁)ပွဲသရေ၊ ရမှတ်(၁၀)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *