ပရီးမီးယားလိဂ်မှာ Comeback Game ပွဲ(၁၀၀)ပြည့်အောင် ရယူနိုင်ခဲ့ကြတဲ့ အသင်း(၃)သင်း

0

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးအရင်ပေးပြီးရှုံးနိမ့်နေရာကနေ အနိုင်ပြန်ရအောင်ကစားနိုင်တဲ့အသင်းအတော်များများရှိပေမယ့် ဒီလိုပွဲမျိုး (Comeback Game) (၁၀၀)ပွဲပြည့်အောင် ကစားထားတဲ့အသင်းက များများစားစားမရှိပါဘူး။

ဒီတစ်ပတ် ဘရိုက်တန်နဲ့ပွဲမှာ ပထမပိုင်းရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ အနိုင်ပြန်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းအပါအဝင် ဒီလို Comeback Game ရာပြည့်မှတ်တမ်းရယူထားတာ ပရီးမီးယားလိဂ်မှာ (၃)သင်းသာရှိပါတယ်။

ဒီအသင်းတွေက စပါး၊ မန်ယူနိုက်တက်၊ လီဗာပူးလ်တို့ဖြစ်ပါတယ်။

စပါးအသင်းက အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် Comeback Game (၁၁၂)ပွဲရှိခဲ့တာဖြစ်ပြီး၊ မန်ယူနိုက်တက်အသင်းက (၁၁၀)ပွဲရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ ဒီတစ်ပတ် ဘရိုက်တန်နဲ့ပွဲမှာ အနိုင်ပြန်ကစားပြီး Comeback Game (၁၀၀)ပွဲပြည့်ခဲ့တာပါ။

လတ်တလော ဒီလို Comeback Game တွေ ခပ်စိတ်စိတ်ရယူနေတဲ့အသင်းကတော့ လန်ဒန်ကလပ်စပါးအသင်းဖြစ်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီအစက စပြီး အခုအချိန်အထိ Comeback Game (၁၀)ပွဲအထိ ရယူနိုင်ခဲ့ပြီး ဒါက မန်စီးတီးအသင်းနဲ့ ပူးတွဲအများဆုံးအဖြစ် မှတ်တမ်းဝင်နေပါတယ်။

ဒီရာသီနောက်ဆုံးပရီးမီးယားလိဂ်(၄)ပွဲမှာလည်း စပါးအသင်းဟာ (၃)ပွဲကို ဂိုးအရင်ပေးရပေမယ့် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *