Day: November 3, 2024

ပရီးမီးယားလိဂ်ပြိုင်ပွဲ (၃၂) ပွဲဆက်တိုက် အရှုံးမရှိတဲ့ မှတ်တမ်း ရပ်တန့်သွားတဲ့ မန်စီးတီး

■ မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ(၃၂)ပွဲဆက်တိုက် အရှုံးမရှိအောင်ကစားထားတဲ့မှတ်တမ်းလည်း ရပ်တန့်ခဲ့ရပါတယ်။ ■ မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပွဲစဥ်(၁၅) ဗီလာ(၁-၀)မန်စီးတီးပွဲမှာ ရှုံးနိမ့်ပြီးကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိတော့တာဖြစ်ပြီး...

အာတီတာ၊ ဂွါဒီယိုလာ ဆရာတပည့်နှစ်ဦး ရှုံးပွဲတွေ့ခဲ့ပြီး လီဗာပူးလ် ထိပ်ဆုံးပြန်ရောက်လာတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)မှာ ချန်ပီယံမန်စီးတီးအသင်းနဲ့ စိန်ခေါ်သူအာဆင်နယ်တို့ အသီးသီးရှုံးပွဲတွေ့ခဲ့ပြီး လီဗာပူးလ်အသင်းက ဘရိုက်တန်ကို နိုင်ပွဲရခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်ရောက်လာပါတယ်။ ဒီနေ့ရဲ့ပထမဆုံးပွဲမှာ အာဆင်နယ်အသင်းက အဝေးကွင်းစိန့်ဂျိမ်းပတ်ခ်မှာ နယူးကာဆယ်အသင်းကို တိုက်စစ်မှူးအစ်ဆက်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။ မန်စီးတီးအသင်းကလည်း ဘုန်းမောက်ကို ဆီမန်ညို၊ အီဗာနယ်လ်ဆင်တို့ သွင်းတဲ့ဂိုးတွေကြောင့်...

အနာဂတ်မှာ နည်းပြတစ်ဦးအဖြစ် ပြုလုပ်ဖို့ ဆန္ဒမရှိဘူးလို့ ဝန်ခံခဲ့တဲ့ မက်ဆီ

အင်တာမိုင်ယာမီအသင်းနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်မက်ဆီက နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ သူ့အနေနဲ့ အနာဂတ်မှာနည်းပြတစ်ဦးမဖြစ်ချင်ဘူးလို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိမက်ဆီဟာ ဘောလုံးသမားဘဝက အနားယူချိန်တဖြည်းဖြည်းနီးကပ်လာတာကြောင့် သူ့အနေနဲ့ ဘောလုံးကစားခြင်းက အနားယူရင် ဘဝကို ဘယ်လိုဆက်လက်ဖြတ်သန်းမလဲလို့ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့် သူနဲ့...