အာဆင်နယ်အသင်းကို အားကစားဒါရိုက်တာ အီဒူး ကျောခိုင်းစွန့်ခွာတဲ့ အကြောင်းအရင်း
အာဆင်နယ်အသင်းအားကစားဒါရိုက်တာ အီဒူးဆိုတာ အာဆင်နယ်အသင်းရဲ့သမိုင်းဝင်အောင်ပွဲဖြစ်တဲ့ ရှုံးပွဲမရှိချန်ပီယံ (Invincibles)အဖြစ် ၂၀၀၃-၀၄ ရာသီမှာ ဗိုလ်စွဲခဲ့စဉ်က ချန်ပီယံအသင်းသားတစ်ဦးအဖြစ်ပါ၀င်ခဲ့သူပါ။
ဘရာဇီးလ်ကွင်းလယ်လူ အီဒူးဟာ ဗီယာရာ၊ တိုနီအဒမ်၊ ရေးပါလာ၊ မာတင်ကီအွန်းတို့လို အာဆင်နယ်အသင်းရဲ့ DNA စစ်စစ်လို့လည်းပြောလို့ရပါတယ်။
ဒီအသင်းကို ၂၀၁၂ ခုနှစ်မှာ နည်းစနစ်ဒါရိုက်တာတစ်ဦးအဖြစ် ပြန်ရောက်လာပြီး ၂၀၁၆ ခုနှစ်မှာ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့ အီဒူးဟာ အသင်းဆီကို ဒက်ကလန်ရိုက်စ်၊ အော်ဒီဂါ၊ ဂါဘရီယယ်လ်၊ ဆာလီဘာ၊ တင်ဘာ အစရှိတဲ့ အရည်အသွေးရှိဘောလုံးသမားတွေ ရောက်ရှိလာစေဖို့ အဓိကကျခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
အခု အာဆင်နယ်အသင်းနဲ့ သူလမ်းခွဲတော့မယ်ဆိုတော့ အာဆင်နယ်ပရိသတ်တွေက ၀မ်းနည်းခဲ့ရပါတယ်။ အသင်းနဲ့ အစစအရာရာ အဆင်ပြေနေပြီးမှ အခုလို ရုတ်တရက်လမ်းခွဲခြင်းဟာ အသင်းပိုင်ရှင်တွေနဲ့ အဆင်မပြေဖြစ်လို့လား… နည်းပြအာတီတာနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့လားဆိုပြီး တွေးထင်စရာဖြစ်ခဲ့ပါတယ်။
အခုတော့ အာဆင်နယ်အသင်းကို အီဒူးကျောခိုင်းစွန့်ခွာခြင်းရဲ့အကြောင်းအရင်းထွက်ပေါ်လာခဲ့ပါပြီ။
ဒီအကြောင်းအရာကတော့ “ငွေ”ပါပဲ။
အီဒူးဟာ နော်တင်ဂမ်ဖောရက်စ်အသင်းပိုင်ရှင် ဂရိသန်းကြွယ်သူဌေး မာရီနာကစ်ရဲ့စည်းရုံးကမ်းလှမ်းမှုတွေကို မလွန်ဆန်နိုင်လို့ အာဆင်နယ်အသင်းကို စွန့်ခွာပြီး ငွေနောက် ကောက်ကောက်ပါအောင် လိုက်သွားတယ်ဆိုတဲ့အကြောင်းကို ဗြိတိန်မီဒီယာတွေက ဖော်ထုတ်တင်ပြခဲ့ကြပါတယ်။
မာရီနာကစ်ဟာ ဖောရက်စ်အသင်းအပြင် ဂရိကလပ် အိုလံပီယာကော့စ်၊ ပေါ်တူဂီကလပ် ရီယိုအဗီအသင်းတွေကိုလည်း ပိုင်ဆိုင်သူဖြစ်ပါတယ်။ Multi-Club Network လို့ခေါ်တဲ့ ကလပ်ပေါင်းစုံကွန်ယက်ကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် အရည်အချင်းရှိသူ အီဒူးကို မာရီနာကစ်က အရခေါ်ခဲ့တာပါ။
ဒီအတွက် အီဒူးပြန်ရမှာက မက်မောလောက်ဖွယ်ငွေကြေးပါပဲ။ လက်ရှိအာဆင်နယ်အသင်းမှာ ရနေတဲ့လစာငွေထက် (၃)ဆထက်မနည်းကို မာရီနာကစ်က အီဒူးကို ပေးသွားမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့DNA စစ်စစ် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသင်းနဲ့အရာရာအဆင်ပြေနေတာကို စွန့်ခွာပြီး ငွေနောက်လိုက်သူ အီဒူးကို အာဆင်နယ်ပရိသတ်တွေ ဘယ်လိုဒေါသထွက်နေမလားဆိုတာကတော့ …