Month: October 2024

၃၁.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ မကြာသေးခင်ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် စနေနေ့မှာကစားဖို့ရှိတဲ့ ဗလင်စီယာ-ရီးရဲလ်မက်ဒရစ် လာလီဂါပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ရေကြီးမှုကြောင့် စပိန်ဘုရင့်ဖလားပွဲစဉ် ဗလင်စီယာ-အက်စ်ကျူလာပွဲကို ရွှေ့ဆိုင်းခဲ့ရသလို နောက်ထပ်ပွဲစဉ်တစ်ပွဲကိုပါ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ ■ ဘာစီလိုနာအသင်းဟာ စပိန်ကြယ်ပွင့် ဖာမင်လိုပက်ဇ်ကို ၂၀၂၉ အထိ...

El Clasico မှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ လာမင်းယာမားလ်

မနေ့က El Clásico ပွဲစဉ် ရီးရဲလ်မက်ဒရစ်(ဝ-၄)ဘာစီလိုနာပွဲမှာ ဘာစီလိုနာအသင်းအတွက် တတိယဂိုးသွင်းပေးခဲ့တဲ့စပိန်လူငယ်တိုက်စစ်ကစားသမားလာမင်းယာမားလ်ဟာ El Clásico ပွဲစဉ်တွေမှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ပွဲချိန်(၇၇)မိနစ်မှာ ယာမားလ်ဟာ အသင်းဖော် ရာဖင်ညာ အလိုက်သင့်ထိုးပေးတဲ့ဘောလုံးကို ရီးရဲလ်ဂိုးသမားလူနင်ကာထားတဲ့ကြားက ဆယ်ပြားစေ့ထောင့်ထဲ တန်းတန်းမတ်မတ်ဝင်အောင်...

ဝက်စ်ဟမ်းနဲ့တွေ့တိုင်းဂိုးကံခေတဲ့ ဘရုနိုဖာနန်ဒက်စ်

မန်ယူကို အိမ်ကွင်း(၃)ပွဲဆက်တိုက်နိုင်တဲ့ ဝက်စ်ဟမ်း ■ မနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်း(၂-၁)မန်ယူနိုက်တက်ပွဲအပါအဝင် ဒီရာသီပရီးမီးယားလိဂ်ပွဲတွေမှာ မန်ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးပေါက်ကန်သွင်းမှု(Shots)က စုစုပေါင်း(၂၈)ကြိမ်အထိရှိပါတယ်။ ■ ဒါပေမယ့် ဖာနန်ဒက်စ်ဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ဂိုးမှမသွင်းယူနိုင်သေးဘဲရှိနေသလို လန်ဒန်ကလပ်ဝက်စ်ဟမ်းအသင်းကလည်း သူ့ကစားသမားဘဝမှာ ဂိုးကံအခေဆုံးကလပ်အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ■...

ပရီးမီးယားလိဂ်(၅၀) ပြည့်ချိန်မှာ အသက်အငယ်ဆုံး အာဆင်နယ် ကစားသမား ဆာကာ

■ မနေ့က အာဆင်နယ်(၂-၂)လီဗာပူးလ်ပွဲမှာ အဖွင့်ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်ဂိုး(၅၀)ပြည့်ခဲ့တဲ့ အာဆင်နယ်တောင်ပံကစားသမားဆာကာဟာ ပရီးမီးယားလိဂ်ဂိုး(၅၀)ပြည့်ချိန်မှာ အသက်အငယ်ဆုံးအာဆင်နယ်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ■ ဆာကာဟာ ဒီပွဲကစားတဲ့နေ့မှာ (၂၃)နှစ်(၅၂)ရက်သာရှိသေးပြီး အာဆင်နယ်ကစားသမားတွေထဲမှာ (ပရီးမီးယားလိဂ်ဂိုး ၅၀ ပြည့်ချိန်မှာ)သူ့ထက် ငယ်ရွယ်သူမရှိခဲ့တာပါ။ ■ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာတော့...

နောက်ဆုံးအချိန်အထိ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ကောင်းကောင်းသက်သေပြခဲ့တဲ့ ပရီးမီးယားလိဂ်

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ(၅)ပွဲမှာ မန်စီးတီး(၁-ဝ)ဆောက်သမ်တန်ပွဲကလွဲလို့ ကျန်(၄)ပွဲက မိနစ်(၉၀)အပြီးထပ်ဆောင်းအချိန်ပိုမှာ သွင်းယူတဲ့(၉၀+မိနစ်)ဂိုးတွေကြောင့် ရလဒ်အဖြေတွေပြောင်းခဲ့ပါတယ်။ တစ်ရက်အတွင်း ပွဲ(၅)ပွဲမှာ (၄)ပွဲအထိ ဒီလိုနောက်ဆုံးမိနစ်ရောက်ပြီးမှ အဖြေပြောင်းလဲတာမျိုးက ထူးခြားလွန်းနေသလို၊ ပရီးမီးယားလိဂ်ပွဲတွေမှာ နောက်ဆုံးအချိန်အထိ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ပြသရာလည်း ရောက်ခဲ့ပါတယ်။ ဗီလာ(၁-၁)ဘုန်းမောက်ပွဲမှာ...

ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးကြွေးဆပ်ခဲ့ပြီး စံချိန်လိုက်မမီအောင် တားဆီးနိုင်ခဲ့တဲ့ ဘာစီလိုနာ

လာလီဂါ El Clásico ပွဲစဉ် ရီးရဲလ်မက်ဒရစ်(ဝ-၄)ဘာစီလိုနာပွဲမှာ ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့ခြင်းနဲ့ အတူ သူတို့ရဲ့စံချိန်တစ်ခုကို ရီးရဲလ်မက်ဒရစ်အသင်းလိုက်မမီစေဖို့ တားဆီးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရှုံးပွဲမတွေ့အောင်ကစားနိုင်ခဲ့ရင် ဘာစီလိုနာအသင်းတင်ရှိခဲ့တဲ့ လာလီဂါရှုံးပွဲမရှိစံချိန်(၄၃)ပွဲကို လိုက်မီမှာပါ။ ဘာစီလိုနာအသင်းဟာ ၂၀၁၇-၂၀၁၈...

လာမယ့် ဇန်နဝါရီလမှာ အီတလီမြေကို ပြန်ခြေချရဖွယ်ရှိနေတဲ့ ချီယေဆာ

လီဗာပူးလ်အသင်းဟာ အသင်းမှာခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ အီတလီလက်ရွေးစင်တိုက်စစ်မှူးချီယေဆာကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားချဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ချီယေဆာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း စီးရီးအေကလပ်ဂျူဗင်တပ်စ်အသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေးပေါင်(၁၀)သန်းဝန်းကျင်နဲ့ ရောက်ရှိလာသူပါ။ သူ့အနေနဲ့ လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်ပွဲ(၁)ပွဲ၊ လိဂ်ဖလားပွဲ(၁)ပွဲ၊ ချန်ပီယံလိဂ်(၁)ပွဲသာကစားခွင့်ရခဲ့ပြီး ဒီ(၃)ပွဲထဲက လိဂ်ဖလားပွဲစဉ်...

အသက်(၁၇)နှစ်အရွယ် ကစားသမားတစ်ဦးအတွက် အမြင့်ဆုံး ဈေးကွက်တန်ဖိုးကို ပိုင်ဆိုင်ထားတဲ့ ယာမားလ်

ပြင်သစ်ကလပ် PSG အသင်းက ဘာစီလိုနာအသင်းရဲ့ စပိန်လူငယ်တောင်ပံကစားသမားလာမင်းယာမားလ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၅၀)နဲ့ ပြီးခဲ့တဲ့နွေရာသီအတွင်း ကမ်းလှမ်းခဲ့တာကို ဘာစီလိုနာအသင်းက ငြင်းဆန်ပယ်ချခဲ့ဖူးပါတယ်။ တကယ်လို့သာ ဘာစီလိုနာအသင်းက လက်ခံလိုက်ရင် ယာမားလ်ရဲ့လက်တွေ့ဘဝတန်ကြေးက ဒီလောက်ကိန်းဂဏန်းအထိ ရောက်သွားမှာဖြစ်ပေမယ့် သူ့ရဲ့လက်ရှိဈေးကွက်တန်ဖိုးကို သတ်မှတ်ထားတာက ယူရိုသန်း(၁၅၀)ဖြစ်ပါတယ်။...

(၁၄)လကြာ ကိုင်တွယ်ပြီးနောက် ဆော်ဒီလက်ရွေးစင် နည်းပြရာထူးကနေ မန်ချီနီ ထွက်ခွာ

အီတလီအသင်းနည်းပြဟောင်း မန်ချီနီဟာ ဆော်ဒီအသင်းကို (၁၄)လကြာကိုင်တွယ်ပြီးနောက် နည်းပြရာထူးကနေ ထွက်ခွာခဲ့ပါတယ်။ မန်ချီနီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်ကမှ ဆော်ဒီအသင်းနည်းပြသစ်အဖြစ် တစ်နှစ်ကိုပေါင်(၂၁)သန်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခံခဲ့ရတဲ့သူပါ။ အီတလီအသင်းကို ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ မန်ချီနီဟာ အီတလီအသင်းနည်းပြရာထူးကနေ...

ရစ်ချာလီဆန်ကို ယုံကြည်မှုတွေ မြင့်တက်စေဖို့ မိမိ ပယ်နယ်တီ ပေးကန်ခဲ့တာလို့ မက်ဒီဆန် ဆို

မနေ့က စပါး(၁-၀ AZ အယ်လ်ခမာ)ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ကွင်းလယ်လူ မက်ဒီဆန်က စပါးအသင်းရရှိတဲ့ ပယ်နယ်တီကို အသင်းဖော်တိုက်စစ်မှူး ရစ်ချာလီဆန် ယုံကြည်မှုတွေမြှင့်တက်စေဖို့ သူပေးကန်ခဲ့တာလို့ ဆိုခဲ့ပါတယ်။ ဒီပယ်နယ်တီကို ရစ်ချာလီဆန်က ဂိုးဝင်အောင်ကန်သွင်းပြီး စပါးအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ...