Month: November 2024

အာဆင်နယ်အသင်းကို အားကစားဒါရိုက်တာ အီဒူး ကျောခိုင်းစွန့်ခွာတဲ့ အကြောင်းအရင်း

အာဆင်နယ်အသင်းအားကစားဒါရိုက်တာ အီဒူးဆိုတာ အာဆင်နယ်အသင်းရဲ့သမိုင်းဝင်အောင်ပွဲဖြစ်တဲ့ ရှုံးပွဲမရှိချန်ပီယံ (Invincibles)အဖြစ် ၂၀၀၃-၀၄ ရာသီမှာ ဗိုလ်စွဲခဲ့စဉ်က ချန်ပီယံအသင်းသားတစ်ဦးအဖြစ်ပါ၀င်ခဲ့သူပါ။ ဘရာဇီးလ်ကွင်းလယ်လူ အီဒူးဟာ ဗီယာရာ၊ တိုနီအဒမ်၊ ရေးပါလာ၊ မာတင်ကီအွန်းတို့လို အာဆင်နယ်အသင်းရဲ့ DNA စစ်စစ်လို့လည်းပြောလို့ရပါတယ်။ ဒီအသင်းကို ၂၀၁၂...

ဥရောပထိပ်တန်းလိဂ် (၁၀) ခုထဲမှာ တစ်ခုတည်းသော ရာနှုန်းပြည့်နိုင်ပွဲရယူထားတဲ့ အာမိုရင်ရဲ့ အသင်း

လက်ရှိ ဥရောပလိဂ်အဆင့်သတ်မှတ်ချက် (UEFA League Coeffiecient)အရ ထိပ်ဆုံးလိဂ်ပြိုင်ပွဲ(၁၀)ခုထဲမှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်တဲ့အသင်းက တစ်သင်းသာရှိပါတယ်။ ဒီအသင်းက မန်ယူနိုက်တက်အသင်းနည်းပြသစ် ဖြစ်လာတော့မယ့် နည်းပြအာမိုရင် ကိုင်တွယ်နေတဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းပဲ ဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းဟာ ရာသီအစ ပေါ်တူဂီလိဂ်ပွဲစဉ် (၁၀)ပွဲမှာ...

ပရီးမီးယားလိဂ်မှာ Comeback Game ပွဲ(၁၀၀)ပြည့်အောင် ရယူနိုင်ခဲ့ကြတဲ့ အသင်း(၃)သင်း

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးအရင်ပေးပြီးရှုံးနိမ့်နေရာကနေ အနိုင်ပြန်ရအောင်ကစားနိုင်တဲ့အသင်းအတော်များများရှိပေမယ့် ဒီလိုပွဲမျိုး (Comeback Game) (၁၀၀)ပွဲပြည့်အောင် ကစားထားတဲ့အသင်းက များများစားစားမရှိပါဘူး။ ဒီတစ်ပတ် ဘရိုက်တန်နဲ့ပွဲမှာ ပထမပိုင်းရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ အနိုင်ပြန်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းအပါအဝင် ဒီလို Comeback Game ရာပြည့်မှတ်တမ်းရယူထားတာ...

နည်းပြမီဇီနီနဲ့ အချင်းများပြီးနောက် မာဆယ်လိုရဲ့ စာချုပ်ကို ဖလူမီနိစ် ဖျက်သိမ်း

ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူဟောင်း မာဆယ်လိုဟာ ဖလူမိနိစ်အသင်းနည်းပြဖြစ်သူ မီနီဇီနဲ့ ကွင်းဘေးစည်းမှာ အချင်းများခဲ့ပြီးနောက် ငယ်ဘဝကလပ် ဖလူမိနိစ်အသင်းဟာ သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်မကုန်ဆုံးခင်(၂)လအလိုမှာ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ မာဆယ်လိုဟာ ဖလူမိနိစ်အသင်းထံ ၂၀၂၃ ဖေဖော်ဝါရီက ပြန်လည်ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း(၆၈)ပွဲပါဝင်ကစားခဲ့ကာ (၅)ဂိုးသွင်းယူခဲ့ပြီး ကိုပါလီဘာတေးဒိုးစ်ဆုဖလားအပါအဝင် ဆုဖလား(၃)လုံးရယူနိုင်ခဲ့တာပါ။...

ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)ပွဲအပြီးမှာ မန်ယူနိုက်တက်အတွက် ရမှတ်အနည်းဆုံး ဖြစ်ခဲ့တဲ့ ရာသီ

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပထမဆုံးပရီးမီးယားလိဂ်(၁၀)ပွဲကစားအပြီးမှာ ရမှတ်(၁၂)မှတ်သာရထားပြီး ဒါက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ပွဲစဉ်(၁၀)အထိကစားအပြီး အနည်းဆုံးပရီးမီးယားလိဂ်ရမှတ် ဖြစ်ပါတယ်။ ဒီရာသီ ပွဲစဉ်(၁၀)အထိကစားအပြီးမှာ မန်ယူနိုက်တက်အသင်းအနေနဲ့ ဖူလ်ဟမ်၊ ဆောက်သမ်တန်၊ ဘရန့်ဖို့ဒ် အစရှိတဲ့(၃)သင်းကို အနိုင်ရထားပြီး ခရစ္စတယ်ပဲလေ့စ်၊ ဗီလာ၊ ချယ်လ်ဆီးအစရှိတဲ့(၃)သင်းကို သရေကျခဲ့တာကြောင့်...

ဒီနှစ်အတွင်း အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်် (၁၄)ပွဲမှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုး (၁၂)ပွဲအထိ ပေးခဲ့ရတဲ့ စပါး

စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗီလာကို (၄-၁)ဂိုးနဲ့ဂိုးပြတ်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာဦးဆောင်ဂိုးအရင်ပေးခဲ့ရပြီးဒုတိယပိုင်းမှချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းယူပြီး အနိုင်ရခဲ့တာပါ။ ဗီလာအသင်းအတွက် ပွဲချိန်(၃၂)မိနစ်မှာ ရော်ဂျာစ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး စပါးအသင်းက ဒုတိယပိုင်းမှ ဂျွန်ဆင်(၄၉ မိနစ်)၊ ရစ်ချာလီဆန်(၇၅၊ ရ၉ မိနစ်)၊ မက်ဒီဆန်(၉၀+၆ မိနစ်)တို့က ချေပဂိုးနဲ့...

၂၀၁၃ နောက်ပိုင်း ချယ်လ်ဆီးကို အိမ်ကွင်းမှာ ရှုံးပွဲမရှိတဲ့ စံချိန်ကို ဆက်ထိန်းခဲ့တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းက ယာယီနည်းပြနစ္စတယ်ရွိုင်း ကိုင်တွယ်မှုလက်အောက်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက်ချယ်လ်ဆီးအသင်းကို မရှုံးအောင်ကစားရင်း အသင်းရဲ့မှတ်တမ်းကောင်းတစ်ခုကို ထိန်းနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ (၁-၁)ဂိုးစီသရေကျခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းဟာ ၂၀၁၃ နောက်ပိုင်း (၁၁)နှစ်အတွင်းချယ်လ်ဆီးအသင်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ပွဲတွေရှုံးနိမ့်ခြင်းမရှိတဲ့မှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ မာတာ၊ အီဗန်နိုဗစ်၊ အော်စကာ၊...

ပရီးမီးယားလိဂ်ပြိုင်ပွဲ (၃၂) ပွဲဆက်တိုက် အရှုံးမရှိတဲ့ မှတ်တမ်း ရပ်တန့်သွားတဲ့ မန်စီးတီး

■ မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ(၃၂)ပွဲဆက်တိုက် အရှုံးမရှိအောင်ကစားထားတဲ့မှတ်တမ်းလည်း ရပ်တန့်ခဲ့ရပါတယ်။ ■ မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပွဲစဥ်(၁၅) ဗီလာ(၁-၀)မန်စီးတီးပွဲမှာ ရှုံးနိမ့်ပြီးကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိတော့တာဖြစ်ပြီး...

အာတီတာ၊ ဂွါဒီယိုလာ ဆရာတပည့်နှစ်ဦး ရှုံးပွဲတွေ့ခဲ့ပြီး လီဗာပူးလ် ထိပ်ဆုံးပြန်ရောက်လာတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)မှာ ချန်ပီယံမန်စီးတီးအသင်းနဲ့ စိန်ခေါ်သူအာဆင်နယ်တို့ အသီးသီးရှုံးပွဲတွေ့ခဲ့ပြီး လီဗာပူးလ်အသင်းက ဘရိုက်တန်ကို နိုင်ပွဲရခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်ရောက်လာပါတယ်။ ဒီနေ့ရဲ့ပထမဆုံးပွဲမှာ အာဆင်နယ်အသင်းက အဝေးကွင်းစိန့်ဂျိမ်းပတ်ခ်မှာ နယူးကာဆယ်အသင်းကို တိုက်စစ်မှူးအစ်ဆက်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။ မန်စီးတီးအသင်းကလည်း ဘုန်းမောက်ကို ဆီမန်ညို၊ အီဗာနယ်လ်ဆင်တို့ သွင်းတဲ့ဂိုးတွေကြောင့်...

အနာဂတ်မှာ နည်းပြတစ်ဦးအဖြစ် ပြုလုပ်ဖို့ ဆန္ဒမရှိဘူးလို့ ဝန်ခံခဲ့တဲ့ မက်ဆီ

အင်တာမိုင်ယာမီအသင်းနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်မက်ဆီက နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ သူ့အနေနဲ့ အနာဂတ်မှာနည်းပြတစ်ဦးမဖြစ်ချင်ဘူးလို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိမက်ဆီဟာ ဘောလုံးသမားဘဝက အနားယူချိန်တဖြည်းဖြည်းနီးကပ်လာတာကြောင့် သူ့အနေနဲ့ ဘောလုံးကစားခြင်းက အနားယူရင် ဘဝကို ဘယ်လိုဆက်လက်ဖြတ်သန်းမလဲလို့ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့် သူနဲ့...