နိုင်ငံတကာ ဂိုးပါဝင်ပတ်သက်မှုနဲ့ ဟက်ထရစ်မှတ်တမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် တူနေကြတဲ့ မက်ဆီနဲ့ ရော်နယ်ဒို

0

ကမ္ဘာကျော်ခေတ်ပြိုင်ဘောလုံးသမား(၂)ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ကလပ်အသင်းဘောလုံးလောကမှာရော၊ နိုင်ငံတကာဘောလုံးလောကမှာပါ ဆုတံဆိပ်၊ စံချိန်၊ မှတ်တမ်းများစွာနဲ့အတူ ကစားသမားဘဝနေဝင်ချိန်အထိ အပြိုင်အဆိုင်ဖြစ်နေတဲ့ကစားသမားတွေ ဖြစ်ပါတယ်။

နိုင်ငံတကာဘောလုံးမှတ်တမ်းမှာ သူတို့နှစ်ဦးထူးထူးခြားခြားတူညီနေတဲ့အရာတစ်ခုရှိပါတယ်။

အဲဒါက နိုင်ငံတကာဂိုးပါ၀င်ပတ်သက်မှုအကြိမ်အရေအတွက်၊ ဟက်ထရစ်အကြိမ်အရေအတွက်တွေမှာ တိုက်တိုက်ဆိုင်ဆိုင်တူညီနေကြတာပါ။

နိုင်ငံတကာဂိုးပါ၀င်ပတ်သက်မှုမှာ နှစ်ဦးစလုံး(၁၆၉)ဂိုးနဲ့ တူညီနေပြီး နိုင်ငံတကာပွဲတွေမှာ ဟက်ထရစ်သွင်းယူနိုင်မှုမှာလည်း နှစ်ဦးစလုံး(၁၀)ကြိမ်စီနဲ့ တူညီနေကြတာဖြစ်ပါတယ်။

မက်ဆီက အာဂျင်တီးနားအသင်းအတွက် နိုင်ငံတကာဂိုး(၁၁၂)ဂိုးသွင်း+(၅၇)ဂိုးဖန်တီးပေးထားပြီး၊ စီရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာဂိုး(၁၃၃)ဂိုးသွင်း+(၃၆)ဂိုးဖန်တီးပေးထားတာပါး။ ဒါကြောင့် မိမိတို့ရဲ့လက်ရွေးစင်အသင်းတွေအတွက် ဂိုးပါ၀င် ပတ်သက်မှုမှာ (၁၆၉)ဂိုးစီနဲ့ ထူးထူးခြားခြားတူညီနေကြတာပါ။

လက်ရှိအချိန်အထိ နိုင်ငံတကာကစားသမားဘဝတွေကို အဆုံးမသတ်သေးဘဲ အာဂျင်တီးနားအသင်းနဲ့ ပေါ်တူဂီအသင်းကို ဦးဆောင်နေတဲ့ သူတို့နှစ်ဦး ဒီတူညီနေတဲ့မှတ်တမ်းတွေမှာ နောက်ဆုံးဘယ်သူအသာရသွားမလဲဆိုတာကတော့ ဆက်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed