ပွဲအစ စက္ကန့်ပိုင်းအတွင်း ဂိုးတွေရခဲ့ပြီး အစကောင်းခဲ့ပေမယ့် အဆုံးသတ်မလှတဲ့ ဘရန့်ဖို့ဒ်

0

အစကောင်းမှ အနှောင်းသေချာဆိုတဲ့စကားရှိပါတယ်။

ဒါပေမယ့် အစကောင်းသလောက် အဆုံးသတ်မှာ မလှမပဖြစ်နေရတဲ့ အသင်းတစ်သင်းရှိပါတယ်။ အဲဒီအသင်းက ဘရန့်ဖို့ဒ်အသင်းပါပဲ။

ဘရန့်ဖို့ဒ်အသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက် အစကောင်းကောင်းနဲ့ ပွဲချိန်စက္ကန့်ပိုင်းအတွင်း ဦးဆောင်ဂိုးတွေအစောကြီးရခဲ့ပေမယ့် ပွဲအပြီး အဆုံးသတ်မှာတော့ ရှုံးပွဲတွေနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။

ပြီးခဲ့တဲ့တစ်ပတ်က မန်စီးတီး-ဘရန့်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူးဝစ်ဆာက ပွဲချိန်(၂၂)စက္ကန့်မှာပဲ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် တစ်ပွဲလုံး ဒီတစ်ဂိုးပဲ ရပြီး မန်စီးတီးအသင်းက ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ သွင်းယူပြီး (၂-၁)ဂိုးရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ဒီတစ်ပတ် စပါး-ဘရန့်ဖို့ဒ်ပွဲမှာလည်း ဘရန့်ဖို့ဒ်တိုက်စစ်မှူးအမ်ဘူမိုက ပွဲချိန်(၂၃)စက္ကန့်မှာပဲ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် တစ်ပွဲလုံး ဒီတစ်ဂိုးပဲ ရပြီး မန်စီးတီးနဲ့ပွဲမှာလိုပဲ စပါးအသင်းက ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ သွင်းယူပြီး (၃-၁)ဂိုးရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ဒါကြောင့် ဘရန့်ဖို့ဒ်အသင်းအနေနဲ့ အစကောင်းပေမယ့် အဆုံးသတ်မလှဘဲ ရှုံးပွဲနှစ်ပွဲဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဘရန့်ဖို့ဒ်အသင်းဟာ ထူးခြားမှတ်တမ်းတစ်ခုတော့ တင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၂)ပွဲဆက်တိုက် ပွဲချိန်(၁)မိနစ်အတွင်းဂိုးသွင်းတဲ့အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒါမျိုးနောက်ဆုံးစွမ်းဆောင်ခဲ့တာက (၂၀၁၉)ခုနှစ်၊ ဖေဖော်ဝါရီလက မန်စီးတီးအသင်းဖြစ်ပြီး နယူးကာဆယ်၊ အာဆင်နယ်အသင်းတို့နဲ့ ပွဲတွေမှာတိုက်စစ်မှူးအဂွဲရိုးက နှစ်ပွဲလုံး (၁)မိနစ်အတွင်း ဦးဆောင်ဂိုးတွေသွင်းခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *