ထာဝရအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပြီး Marca ရဲ့ ဆုချီးမြှင့်မှုကိုခံခဲ့ရတဲ့ မက်ဆီ

0

စပိန်နိုင်ငံရဲ့နာမည်အကြီးဆုံးအားကစားသတင်းစာ Marca က အင်တာမိုင်ယာမီနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီကို MARCA America Award လို့ အမည်ပေးထားတဲ့ဆုကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

မက်ဆီက ဒီဆုကို ပထမဆုံးရရှိတဲ့သူဖြစ်ပြီး သူ့ကိုဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးဘောလုံးသမား(Greatest Soccer Player of All Time)အဖြစ် သတ်မှတ်တဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်ခြင်းဖြစ်တာဖြစ်ကြောင်း Marca ပြောခဲ့ပါတယ်။

မက်ဆီရှိနေတဲ့ မိုင်ယာမီက Chase Stadium ထဲမှာ ဆုပေးပွဲကျင်းပခဲ့ပြီး Marca သတင်းစာရဲ့ CEO ဟွမ်အီဂနာစီယိုဂါလာဒိုက ဆုကို ချီးမြှင့်ခဲ့ပြီးနောက် ဘောလုံးလောကမှာ မက်ဆီကို ကျော်ဖြတ်နိုင်တဲ့သူရှိလာတော့မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

မက်ဆီဟာ ဘောလုံးလောကမှာ ကမ္ဘာ့ဖလား၊ ကိုပါအမေရိကဖလား၊ အိုလံပစ်ချန်ပီယံဆု၊ ယူ-၂၀ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်ဖလား၊ စပိန်ဘုရင့်ဖလား၊ စူပါဖလား၊ လာလီဂါဖလား၊ ကလပ်ကမ္ဘာ့ဖလားအစရှိတဲ့ ဆုဖလားပေါင်းစုံကို ရယူဖူးခဲ့ပြီး စုစုပေါင်းဆုဖလား(၄၆)ခုရရှိထားပါတယ်။

ဒီဆုဖလားအရေအတွက်က ဘောလုံးလောကမှာ ကစားသမားတစ်ဦးအတွက် အများဆုံးရယူနိုင်တဲ့ ပမာဏဖြစ်ခဲ့ပြီး မက်ဆီအနေနဲ့ Ballon d Or ဆု (၈)ခုအပါအဝင် တစ်ဦးချင်းဆု(၅၆)ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အခု Marca က ချီးမြှင့်ခဲ့တဲ့ MARCA America Award ဟာ သူ့ရဲ့ကစားသမားဘဝမှာ ရရှိတဲ့ (၁၀၃)ခုမြောက် ဆုဖလား/ဆုတံဆိပ်ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *