၂၀၂၄ တောင်အာဖရိက ​အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် (၃)ဦး

0

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)က ၂၀၂၄ခုနှစ် အာဖရိကအကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်ကစားသမား(၃)ဦးစာရင်းကို ကြေညာခဲ့ပါတယ်။

စီးရီးအေကလပ်အတ္တလန်တာအသင်းမှာ ကစားနေတဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူးလွတ်ခ်မန်း၊ ဘွန်ဒစ်လီဂါကလပ်လေဗာကူဆင်အသင်းမှာ ကစားနေတဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူးဘော်နီဖေ့စ်နဲ့ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနေတဲ့မော်ရိုကိုကွင်းလယ်လူ ဘရာဟင်ဒီယက်ဇ်တို့ကို CAF ကဆန်ခါတင်ရွေးချယ်ထားတာဖြစ်ပါတယ်။

ဆန်ခါတင်စာရင်းမှာ နိုင်ဂျီးရီးယားတိုက်စစ်မှူး(၂)ဦးပါဝင်နေလို့ ဒီဆုကို နိုင်ဂျီးရီးယားကစားသမားတွေပဲ (၂)နှစ်ဆက် ဆွတ်ခူးဦးမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို နာပိုလီအသင်းရဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူးအိုစီမန်က ဆွတ်ခူးခဲ့တာပါ။

အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို ၁၉၉၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး အာဖရိကဘောလုံးလောကရဲ့တန်ဖိုးရှိဆုတစ်ခုဖြစ်ပါတယ်။ ဒီဆုကို ကင်မရွန်းတိုက်စစ်မှူးအီတူးနဲ့ အိုင်ဗရီကို့စ်ကွင်းလယ်လူယာယာတိုရေးတို့က အများဆုံးအဖြစ်(၄)ကြိမ်စီ ဆွတ်ခူးခဲ့ကြပါတယ်။

ကလပ်အသင်းလိုက်ဆွတ်ခူးမှုမှာ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့က (၄)ကြိမ်စီနဲ့ အများဆုံးဖြစ်သလို အရင်က ပရီးမီးယားလိဂ်ရောက် အာဖရိကကစားသမားအများအပြားဆွတ်ခူးခဲ့ကြပေမယ့် အခုနှစ်အတွက် ဆန်ခါတင်စာရင်းမှာ ပရီးမီးယားလိဂ်က ကစားသမားတစ်ဦးတောင် ပါဝင်မလာတော့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *