ဒီနှစ်အတွင်း အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်် (၁၄)ပွဲမှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုး (၁၂)ပွဲအထိ ပေးခဲ့ရတဲ့ စပါး

0

စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗီလာကို (၄-၁)ဂိုးနဲ့ဂိုးပြတ်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာဦးဆောင်ဂိုးအရင်ပေးခဲ့ရပြီးဒုတိယပိုင်းမှချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းယူပြီး အနိုင်ရခဲ့တာပါ။

ဗီလာအသင်းအတွက် ပွဲချိန်(၃၂)မိနစ်မှာ ရော်ဂျာစ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး စပါးအသင်းက ဒုတိယပိုင်းမှ ဂျွန်ဆင်(၄၉ မိနစ်)၊ ရစ်ချာလီဆန်(၇၅၊ ရ၉ မိနစ်)၊ မက်ဒီဆန်(၉၀+၆ မိနစ်)တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းခဲ့တာပါ။

■ Video – မနေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် စပါး(၄-၁)ဗီလာပွဲမှာ ဗီလာအသင်းအတွက် ရော်ဂျာစ် သွင်းယူခဲ့တဲ့ဦးဆောင်ဂိုး(၃၂ မိနစ်)၊ စပါးအသင်းအတွက် ဒုတိယပိုင်းမှာ ဂျွန်ဆင်(၄၉ မိနစ်)၊ ရစ်ချာလီဆန်(၇၅၊ ရ၉ မိနစ်)၊ မက်ဒီဆန်(၉၀+၆ မိနစ်)တို့သွင်းယူခဲ့တဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးများ။

စပါးအသင်းအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်(၁၄)ပွဲမှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုးအရင်ပေးရတာ (၁၂)ပွဲအထိတောင်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဝုလ်ဗ်စ်ကို (၁-၂)ဂိုးနဲ့ရှုံးတဲ့ပွဲ၊ အာဆင်နယ်ကို (၂-၃)ဂိုးနဲ့ရှုံးတဲ့ပွဲ၊ မန်စီးတီးကို (၀-၂)ဂိုးနဲ့ရှုံးတဲ့ပွဲ၊ ဒီရာသီ အာဆင်နယ်ကို (၀-၁)ဂိုးနဲ့ရှုံးတဲ့ပွဲတွေကလွဲလို့ ကျန်ပွဲ(၈)ပွဲမှာ စပါးအသင်းဟာ ပြိုင်ဘက်အသင်း​တွေကို ဦးဆောင်ဂိုးပေးရပေမယ့် ချေပဂိုးတွေ၊ အနိုင်ဂိုးတွေသွင်းယူပြီး နိုင်ပွဲပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

စပါး(၄-၁)ဗီလာပွဲမှာ ပွဲချိန်(၈၂)မိနစ်ရောက်မှ လူစားဝင်ကစားခွင့်ရခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ မက်ဒီဆန်ကအသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးတစ်ဂိုးကို ဖရီးကစ်ကနေ လှလှပပ ကန်သွင်းယူခဲ့ပြီး ဂိုးမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

ဒီဂိုးဟာ မက်ဒီဆန်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုး(၅၀)မြောက်ဂိုးဖြစ်ပြီး အရင်လက်စတာအသင်းမှာ (၄၃)ဂိုး၊ စပါးအသင်းမှာ (၇)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *