ပရီးမီးယားလိဂ်ပြိုင်ပွဲ (၃၂) ပွဲဆက်တိုက် အရှုံးမရှိတဲ့ မှတ်တမ်း ရပ်တန့်သွားတဲ့ မန်စီးတီး

0

■ မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ(၃၂)ပွဲဆက်တိုက် အရှုံးမရှိအောင်ကစားထားတဲ့မှတ်တမ်းလည်း ရပ်တန့်ခဲ့ရပါတယ်။

■ မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပွဲစဥ်(၁၅) ဗီလာ(၁-၀)မန်စီးတီးပွဲမှာ ရှုံးနိမ့်ပြီးကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိတော့တာဖြစ်ပြီး အခုရာသီပွဲစဥ်(၁၀)ကိုရောက်မှ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ရတာပါ။

■ Video – မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်(၂-၁)မန်စီးတီးပွဲမှာ ဘုန်းမောက်အသင်းအတွက် ဆီမန်ညို(၉ မိနစ်)၊ အီဗာနယ်လ်ဆင်(၆၄ မိနစ်)တို့ သွင်းခဲ့တဲ့ဦးဆောင်ဂိုး(၂)ဂိုးနဲ့ မန်စီးတီးအတွက် ဗာဒီယိုလ်ရဲ့ ခေါင်းတိုက်ချေပဂိုး(၈၂ မိနစ်)

■ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းက Invisible ချန်ပီယံအဖြစ်ဗိုလ်စွဲခဲ့တဲ့ ၂၀၀၃-၀၄ တစ်ရာသီလုံးအပါအဝင် (၄၉)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားခဲ့ပြီး ဒီစံချိန်က အခုအထိတည်မြဲနေပါတယ်။

■ အာဆင်နယ်(၄၉ ပွဲ)ရဲ့နောက်မှာ လီဗာပူးလ်(၄၄ ပွဲ)၊ ချယ်လ်ဆီး(၄၀ ပွဲ)တို့ ရှိနေပြီး စတုတ္ထနေရာမှာ မန်စီးတီးအသင်းက (၃၂)ပွဲနဲ့ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *