လာလီဂါမှာ (၁၀)ပွဲဆက်တိုက် အနိုင်ယူထားတဲ့ ဘာစီလိုနာ

0

ဒီရာသီလာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းဟာ (၆)ပွဲဆက်တိုက်အနိုင်ရထားသလို ပြီးခဲ့တဲ့ရာသီအဆုံးသတ်မှာ (၄)ပွဲအနိုင်ရခဲ့တာကြောင့် လာလီဂါပြိုင်ပွဲမှာ ဆက်တိုက်နိုင်ပွဲနေတာ (၁၀)ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပွဲစဉ်(၃၄)မှာ ဂျီရိုနာအသင်းကို (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း ဘာစီလိုနာအသင်းဟာ လာလီဂါမှာ အိမ်ကွင်း၊ အဝေးကွင်းမရွေး ပြိုင်ဘက်တွေကို ဆက်တိုက်အနိုင်ယူနေတာပါ။

လာလီဂါမှာ ပွဲအများဆုံးနိုင်ပွဲဆက်တဲ့စံချိန်က (၁၆)ပွဲဖြစ်ပြီး ဒီစံချိန်မှတ်တမ်းကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ပူးတွဲပိုင်ဆိုင်ထားပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ၂၀၁၀ အောက်တိုဘာလကနေ ၂၀၁၁ ဖေဖော်ဝါရီလအထိ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၁၆)ပွဲကို ဆက်တိုက်အနိုင်ယူခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ၂၀၁၆ မတ်လကနေ ၂၀၁၆ စက်တင်ဘာအထိ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၁၆)ပွဲကို ဆက်တိုက်အနိုင်ယူပြီး ဘာစီလိုနာတင်ခဲ့တဲ့ စံချိန်ကို လိုက်မီခဲ့တာပါ။

ဒါကြောင့် ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်လက်အောက်မှာ ခြေစွမ်းပြနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ အရင် စံချိန်တွေကို ရိုက်ချိုးနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ရှေ့လာမယ့် လာလီဂါ(၆)ပွဲထဲမှာ ဘာနေဗျူးကွင်းအတွင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ကစားရမယ့် El Clasico ပွဲစဉ်လည်း ပါဝင်နေလို့ ဘာစီလိုနာစံချိန်သစ်မတင်နိုင်အောင် ရီးရဲလ်က တားဆီးနိုင်မလားဆိုတာလည်း စောင်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *