စီရော်နယ်ဒိုတင်ထားတဲ့ ကလပ်အသင်းတစ်သင်းအတွက် အမြန်ဆုံးဂိုး(၁၀၀)ပြည့် စံချိန်ကို လိုက်မီခဲ့တဲ့ စီရော်နယ်ဒို

0

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး(၂-၂)အာဆင်နယ်ပွဲမှာ အဖွင့်ဂိုးသွင်းယူခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုတင်ထားတဲ့ ကလပ်အသင်းတစ်သင်းအတွက် အမြန်ဆုံး သွင်းဂိုး(၁၀၀)ပြည့်စံချိန်ကို လိုက်မီခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်က ပြိုင်ပွဲစုံ(၁၀၅)ပွဲကစားပြီးချိန်မှာ ဂိုး(၁၀၀)ပြည့်ခဲ့ပြီး၊ အခုဟာလန်းကလည်း ဒီစံချိန်အတိုင်း မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၀၅)ပွဲကစားပြီးချိန်မှာ ဂိုး(၁၀၀)ပြည့်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းအနေနဲ့ အာဆင်နယ်နဲ့ပွဲမှာဂိုးသွင်းခဲ့ပြီးနောက် ဒီရာသီ သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်က (၁၀)ဂိုးအထိရှိလာပါတယ်။

ဒီလို ပရီးမီးယားလိဂ်(၅)ပွဲကစားပြီးချိန်မှာ သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူနိုင်တာမျိုးကို ပြိုင်ပွဲသမိုင်းတစ်လျှောက် ဘယ်ကစားသမားမှ မစွမ်းဆောင်နိုင်ခဲ့ဘဲ ဟာလန်းက ပထမဆုံးစွမ်းဆောင်နိုင်သူအဖြစ် စံချိန်တင်မှတ်တမ်းရေးထိုးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *