ဒီရာသီပရီးမီးယားလိဂ်မှာ အချိန်အဆွဲဆုံးအသင်း အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အချိန်အဆွဲဆုံးအသင်းအဖြစ် ထိပ်ဆုံးကဦးဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး(၂-၂)အာဆင်နယ်ပွဲမှာ အာဆင်နယ်အသင်းက ကစားသမားတွေဟာ (၂-၁)ဂိုးရလဒ်နဲ့ အနိုင်ရနေချိန်မှာ အချိန်ဆွဲတဲ့လုပ်ရပ်တွေ လုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။
ဒီလို ဝေဖန်မှုတွေရှိလာချိန်မှာ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အချိန်အဆွဲဆုံးအသင်းတွေကို မှတ်တမ်းပြုစုဖော်ပြခဲ့တာပါ။
Opta အနေနဲ့ ထောင့်ကန်ဘော၊ ဖရီးကစ်၊ လက်ပစ်ဘော၊ ပယ်နယ်တီ၊ ဂိုးဝင်ပြီးနောက် ဘောလုံးပြန်ကန်ခြင်း၊ ဂိုးလွန်ဘောဖြစ်ပြီးနောက် ဘောလုံးပြန်ကန်ခြင်းအစရှိတာတွေမှာ ကစားသမားတွေက ချက်ချင်းမလုပ်ဘဲ တတ်နိုင်သလောက်အချိန်ဖြုန်းတာတွေကို မှတ်တမ်းပြုစုပြီး ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။
Opta က အာဆင်နယ်အသင်းအနေနဲ့ အထက်ပါအချက်တွေမှာ ပျမ်းမျှအချိန်ဆွဲတာ (၃၁.၈)စက္ကန့်ရှိနေပြီး ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ အာဆင်နယ်ရဲ့နောက်မှာ လက်စတာ၊ ဘရန့်ဖို့ဒ်၊ ဝုလ်ဗ်စ်၊ ဗီလာအစရှိတဲ့အသင်းတွေ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းက အဆင့်(၇)၊ မန်ယူနိုက်တက်အသင်းက အဆင့်(၁၂)မှာ အသီးသီးရှိနေကြပါတယ်။
အချိန်ဆွဲတာ အနည်းဆုံး(၅)သင်းစာရင်းထဲမှာ ပရီးမီးယားလိဂ်အသင်းကြီး(၃)သင်းဖြစ်တဲ့ မန်စီးတီး၊ စပါးနဲ့ လီဗာပူးလ် တို့ရှိနေပါတယ်။