ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းရဲ့ ဖရီးကစ်ဂိုးခမ်းခြောက်မှု အဆုံးသတ်စေခဲ့တဲ့ ဆာကာ
မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ် အာဆင်နယ်(၂-ဝ) PSG ပွဲမှာ အာဆင်နယ်အသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားဆာကာသွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးဟာ
နှစ်ပေါင်း(၂၂)နှစ်အတွင်း အာဆင်နယ်အသင်းရဲ့ ပထမဆုံးချန်ပီယံလိဂ် ဖရီးကစ်ဂိုး ဖြစ်ခဲ့ပါတယ်။
၂၀၀၂-၀၃ ရာသီက ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အာဆင်နယ်-ရိုးမားပွဲမှာ တိုက်စစ်မှူးအွန်နရီသွင်းယူခဲ့တဲ့ ဖရီးကစ်နောက်ပိုင်း ဆာကာက အာဆင်နယ်အသင်းအတွက်ချန်ပီယံလိဂ်ဖရီးကစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖရီးကစ်ဂိုးတွေ ခန်းခြောက်နေတာကို ဆာကာရဲ့ဂိုးက အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲချိန်(၃၅)မိနစ်မှာ အာဆင်နယ်အသင်း ညာတောင်ပံဘက်ခြမ်းမှာရတဲ့ဖရီးကစ်ကို ဆာကာက ကန်ခဲ့ရာမှာ ဘယ်သူနဲ့မှမထိဘဲ (PSG ဂိုးသမားလည်း မဖမ်းနိုင်ဘဲ) ဂိုးထဲကို ဘောလုံးက ဝင်သွားခဲ့တာပါ။
၂၀၀၂-၀၃ ရာသီနောက်ပိုင်း နှစ်ပေါင်း(၂၀)ကျော်ကာလအတွင်းမှာ အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပွဲပေါင်း(၁၃၄)ပွဲ ကစားခဲ့ပြီး အခုမှ ဆာကာက အသင်းအတွက် ချန်ပီယံလိဂ်ဖရီးကစ်ဂိုးကို ပြန်လည်စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီရာသီ အုပ်စုပထမပွဲမှာ အီတလီကလပ် အတ္တလန်တာအသင်းနဲ့ အဝေးကွင်းမှာ သရေကျထားတဲ့ အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ဒီရာသီပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပြီး ရမှတ်(၄)မှတ်ရရှိထားပါတယ်။