AI လား … တကယ်လား…
(၂၄)နဲ့(၆၁) ရဲ့ အချစ်ဇာတ်ကြမ်း
ဘောလုံးကွင်းအတွင်းမှာ ကစားသမားတွေ၊ ဒိုင်လူကြီးတွေ သာမက နည်းပြတွေ၊ အသင်းပိုင်ရှင်တွေ၊ ပရိသတ်တွေပါကွင်းထဲဝင်လာပြီး ရန်ပွဲတွေ၊ သတ်ပွဲတွေနဲ့ ကြမ်းကြမ်းရမ်းရမ်းရှိတတ်တဲ့ တူရကီဘောလုံးလောကဟာ ကွင်းပြင်ပက ကြမ်းကြမ်းရမ်းရမ်း အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ပရိသတ်တွေကို ဆွဲဆောင်လိုက်ပြန်ပြီဖြစ်ပါတယ်။
ဒီအချစ်ဇာတ်လမ်းက ပုံမှန်မဟုတ်တဲ့ ခပ်ကြမ်းကြမ်း ဇာတ်လမ်းဖြစ်တာကြောင့် တူရကီဘောလုံးလောကမှာသာမက အခြားနိုင်ငံတွေက မီဒီယာတွေထက်မှာပါ လူစိတ်ဝင်စားစရာသတင်းတစ်ပုဒ်အဖြစ် ပျံ့နှံ့နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက သိုင်းလောကသားတွေရဲ့ဆိုရှယ်အကောင့်တွေထဲ ဗီဒီယိုဖိုင်တစ်ခုက ပျံ့နှံ့နေပါတယ်။ ဒီဗီဒီယိုဖိုင်ကတော့ ရုံးခန်းလို့ ယူဆရတဲ့ အခန်းတစ်ခုထဲမှာ မြေးအဘိုးအရွယ် လူသားနှစ်ဦး ကမ္ဘာဦးအစကလို အချစ်ဇာတ်ကြမ်းတစ်ခုကို နှစ်ဦးတည်းဖန်တီးရိုက်ကူးနေကြတာပါ။
မိန်းကလေးငယ်က လက်တစ်ဖက်က ဖုန်းကိုင်ပြီး ဘေးမှာရှိတဲ့ မှန်ထဲမှာပေါ်နေတဲ့ သူတိုရဲ့ပုံရိပ်တွေကို ရိုက်ကူးနေတာဖြစ်လို့ နှစ်ဦးစလုံးရဲ့မျက်နှာတွေက ထင်းထင်းကြီးပေါ်လွင်နေပါတယ်။
သူတို့နှစ်ဦးကတော့ တူရကီဘောလုံးအဖွဲ့ချုပ်က ဒိုင်ကြီးကြပ် အာဒီမီယာ(၆၁ နှစ်)နဲ့ အမျိုးသမီးဒိုင် ကာရာဆလန်(၂၄ နှစ်)တို့ပါ။ ငယ်ရွယ်ချောမောလှပတဲ့ ကာရာဆလန်ဟာ သူမရဲ့အသက်ထက် (၂)ဆခွဲမကကြီးတဲ့ အာဒီမီယာနဲ့ နှစ်ပါးသွား အချစ်ဇာတ်ကြမ်းခင်းနေတာက တူရကီဘောလုံးလောကတစ်ခုလုံးကို လှုပ်ရမ်းသွားစေခဲ့ပါတယ်။
ဒီဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် ဉာဏ်ကောင်းတဲ့ ကာရာဆလန်က ဒါအမှန်တကယ်မဟုတ်ကြောင်း၊ သူတို့ကို မလိုသူတွေက AI နဲ့ ပြုလုပ်ထားတာသာဖြစ်ကြောင်း ရှေ့နေကတစ်ဆင့် ပြောခဲ့ပြီး ငြင်းချက်ထုတ်ခဲ့ပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ကတော့ ဒီ အချစ်ဇာတ်ကြမ်းကို ပြန်စုံစမ်းစစ်ဆေးနေစဉ်အတွင်း သူတို့နှစ်ဦးစလုံးကို တာဝန်တွေက ဆိုင်းငံ့ထားကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ အဘိုးကြီး အာဒီမီယာက (၄၅)ရက်၊ အမျိုးသမီးဒိုင် ကာရာဆလန်က ရက်(၉၀) ဘောလုံးတာဝန်တွေကို ထမ်းဆောင်ခွင့်မရှိစေရလို့ ကြေညာထားပါတယ်။
AI က ဗီဒီယိုတွေ၊ ရုပ်ပုံတွေကို အစစ်အမှန်နဲ့ မခွဲမခြားနိုင်အောင် ဖန်တီးပြုလုပ်ပေးနိုင်သလို၊ တစ်ခါတရံမှာလည်း အစစ်အမှန်တွေရဲ့တရားခံရှာ၊ အပြစ်ပုံချရာ အရာတစ်ခုဖြစ်နေသလားဆိုတာကတော့ ကာယကံရှင်တွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။