၁၉၇၂-၇၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံး သွင်းဂိုးမှတ်တမ်းကို ရရှိခဲ့တဲ့ မန်ယူနိုက်တက်

0

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ပွဲကစားပြီးချိန်မှာ (၅)ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

ဒီဂိုးအရေအတွက်ဟာ နှစ်ပေါင်း(၅၂)နှစ်အတွင်း မန်ယူနိုက်တက်အသင်းအတွက် (အမှတ်ပေးပွဲ ၇ ပွဲကစားပြီးချိန်မှာ) အနည်းဆုံးသွင်းဂိုးအရေအတွက် ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမတိုင်မီ အရင်အင်္ဂလန်ပထမတန်းပြိုင်ပွဲအဖြစ် ကျင်းပခဲ့ချိန်က မန်ယူနိုက်တက်အသင်းဟာ ၁၉၇၂-၇၃ ရာသီမှာ အမှတ်ပေးပွဲ(၇)ပွဲကစားအပြီး သွင်းဂိုး(၄)ဂိုးသာရရှိခဲ့ပါတယ်။

ဒီသွင်းဂိုးမှတ်တမ်းအပြီး အဆိုးရွားဆုံးအဖြစ် ဒီရာသီမှာ မန်ယူနိုက်တက်အသင်းဟာ (၇)ပွဲကစားအပြီး သွင်းဂိုး(၅)ဂိုးသာရရှိထားတာပါ။ ဒီသွင်းဂိုး(၅)ဂိုးကိုလည်း (၃)ပွဲမှာသာသွင်းယူနိုင်ခဲ့ပြီး ဖူလ်ဟမ်၊ ဘရိုက်တန်နဲ့ ဆောက်သမ်တန်(၃ ဂိုး)ပွဲတွေမှာသွင်းယူနိုင်ခဲ့တာပါ။

လီဗာပူးလ်၊ ခရစ္စတယ်ပဲလေ့စ်၊ စပါး၊ ဗီလာအသင်းတို့နဲ့ ပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိနည်းပြတန်ဟတ်လက်ထက်မှာ တိုက်စစ်ဆိုးရွားမှုပြဿနာကို အဖြေရှာမရသေးတာလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ သွင်းဂိုး(၅)ဂိုးသာသွင်းယူထားနိုင်ပေမယ့် ပေးဂိုး(၈)ဂိုးအထိ ပေးထားရတာကြောင့် မန်ယူနိုက်တက်အသင်းအနေနဲ့ ဂိုးကွာခြားချက်မှာ (-၃)ဂိုးဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *