အဆိုးရွားဆုံး အမှားထဲက တစ်ခုပြုလုပ်ပြီး ဆန်းဒါးလန်းရဲ့သွင်းဂိုးကို မက်စ်လီရာ ခွင့်ပြုခဲ့

0

မနေ့က ဆန်းဒါးလန်း(၂-၂)လိဒ်စ် ချန်ပီယံရှစ်ပွဲစဉ်မှာ လိဒ်စ်အသင်းဂိုးသမား မက်စ်လီရာဟာ မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ အဆိုးရွားဆုံးအမှားတွေထဲက တစ်ခုပြုလုပ်ပြီး ဆန်းဒါးလန်းအသင်းကို ချေပဂိုးခွင့်ပြုခဲ့ပါတယ်။ လိဒ်စ်အသင်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၉၀+၆)မိနစ်အထိ ဆန်းဒါးလန်းအသင်းကို (၂-၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မက်စ်လီရာရဲ့အမှားကြောင့် ပွဲချိန်(၉၀+၇)မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရပြီး (၁)မှတ်စီခွဲယူခဲ့ရတာပါ။

မက်စ်လီရာဟာ ဆန်းဒါးလန်းအသင်းဂိုးဧရိယာထဲ ကန်တင်ခဲ့တဲ့ဘောလုံးကို ဖမ်းရာမှာ ချော်ပြီး ဘောလုံးဟာ သူ့ရဲ့ပေါင်ဘေးကနေဖြတ်ပြီး ဂိုးထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။ ပွဲပြီးဖို့စက္ကန့်ပိုင်းသာလိုတော့တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ အမှားအယွင်းအတွက် မက်စ်လီရာဟာ စိတ်ပျက်နေခဲ့သလို သူ့ရဲ့အသင်းဖော် လိဒ်စ်ကစားသမားတွေကလည်း အလွန်စိတ်ပျက်နေခဲ့တာပါ။ ဆန်းဒါးလန်းအသင်းကတော့ အဖိုးတန်ချေပဂိုးနဲ့အတူ အမှတ်ပေးဇယားအဆင့်(၁)နေရာကို တက်နိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ပြီး အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

မက်စ်လီရာဟာ ဒီအဖြစ်အပျက်အပြီးမှာ ကွင်းထဲမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကောက်ကိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒါက ဘောလုံးကို ထိမှန်ခဲ့ခြင်းရှိ၊မရှိဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ပရိသတ်တွေကတော့ ဆိုရှယ်မီဒီယာပေါ်မှာ မက်စ်လီယာရဲ့အမှားအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းနည်းပြ ဖာကီက မက်စ်လီယာဟာ သူ့ရဲ့အမှားအယွင်းကြောင့် မျက်ရည်ကျနေခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒီပွဲသရေရလဒ်ကြောင့် ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့်(၃)နေရာမှာ ရပ်တည်နေပေမယ့် သူ့အောက်မှာရပ်တည်နေတဲ့အသင်းတွေ ပွဲမကစားရသေးတာကြောင့် သူတို့တွေရဲ့ရလဒ်ပေါ်မူတည်ပြီး အဆင့်ကျဆင်းသွားနိုင်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *