ခိုးရိုက်ဗီဒီယိုတွေကြောင့် ထောင်(၄)နှစ်ကျခံရဖွယ်ရှိနေတဲ့ တောင်ကိုရီးယားတိုက်စစ်မှူးဟွမ်အီဂျိူ

0

နော်တင်ဂမ်ဖောရက်စ်၊ နော်ဝစ်ချ်စီးတီးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ တောင်ကိုရီးယားတိုက်စစ်မှူးဟွမ်အီဂျိုဟာ လွန်ခဲ့တဲ့(၂)နှစ်က အမျိုးသမီးတွေနဲ့ ချစ်တင်းနှောရာမှာ ဗီဒီယိုခိုးရိုက်ခဲ့တဲ့လုပ်ရပ်တွေအတွက် ထောင်ဒဏ်(၄)နှစ်အထိကျခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာ တူရကီကလပ်အလန်ယာစပေါ်အသင်းမှာ ကစားနေတဲ့ ဟွမ်အီဂျိုဟာ တောင်ကိုရီးယားလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲပေါင်း(၆၂)ပွဲအထိ ကစားပေးထားသူပါ။

ဟွမ်အီဂျိုဟာ ၂၀၂၂ ဇွန်လကနေ စက်တင်ဘာလအတွင်း အမျိုးသမီး(၂)ဦးနဲ့ ချစ်တင်းနှောမှု(၄)ကြိမ်မှာ ဗီဒီယိုတွေ ခိုးရိုက်ထားခဲ့တာဖြစ်ပါတယ်။

ဟွမ်အီဂျိုရဲ့ခယ်မဖြစ်သူက ဒီဗီဒီယိုတွေကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ရာကနေ ဒီဖြစ်ရပ်က ကြီးထွားလာခဲ့တာပါ။ ဟွမ်အီဂျိုဟာ ဒီလိုလုပ်ခဲ့တဲ့ သူရဲ့ခယ်မကို ခြိမ်းခြောက်ငွေညှစ်တဲ့လုပ်ရပ်အတွက် တရားစွဲဆိုခဲ့ရာမှာ အနိုင်ရခဲ့ပြီး ဗီဒီယိုဖိုင်တွေ ဖြန့်ဝေခဲ့တဲ့ ခယ်မလည်း ထောင်ဒဏ်(၃)နှစ်ကျခံခဲ့ရပါတယ်။

ဒါပေမယ့် သူကိုယ်တိုင်လည်း ဒီဖြစ်ရပ်မှာ အပြစ်ကမလွတ်ခဲ့ဘဲ ဗီဒီယိုခိုးရိုက်ခဲ့တဲ့လုပ်ရပ်အတွက် တရားရင်ဆိုင်နေရတာပါ။ တောင်ကိုရီးယားနိုင်ငံရဲ့ဥပဒေတွေအရ ဒီလို ဗီဒီယိုခိုးရိုက်ခြင်းအတွက် ထောင်ဒဏ်(၄)နှစ်အထိ ကျခံရဖွယ်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ တရားရုံးကြားနာမှုကို ရောက်ရှိလာတဲ့ ဟွမ်အီဂျိုက သူ့ရဲ့လုပ်ရပ်အတွက် တောင်းပန်ခဲ့ပြီး အနာဂတ်မှာ ဘောလုံးသမားကောင်းတစ်ဦးဖြစ်ဖို့ပဲ ကြိုးစားမယ်လို့ မီဒီယာတွေကတစ်ဆင့် ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *