ယာမားလ်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ PSG ရဲ့ ကမ်းလှမ်းမှုကိုပယ်ချခဲ့တဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းရဲ့ စပိန်လူငယ်တောင်ပံကစားသမားလာမင်းယာမားလ်အနေနဲ့ အသက်(၁၇)နှစ်အရွယ်မှာပဲ ကမ္ဘာ့ကြေးအကြီးဆုံးကစားသမားဖြစ်လာမယ့် အခွင့်အရေးရှိခဲ့တာကို ဘာစီလိုနာအသင်းက သူ့ကို လက်မလွှတ်လိုတာကြောင့် ဒီအခွင့်အရေးကို လောလောဆယ် မပိုင်ဆိုင်သေးဘဲ ရှိခဲ့ပါတယ်။
ပြင်သစ်ကလပ် PSG အသင်းက လာမားလ်ကို ခေါ်ယူဖို့ ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ကမ်းလှမ်းခဲ့တာကို ဘာစီလိုနာအသင်းက ပယ်ချခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီအတွင်း PSG အသင်းက လာမားလ်ကို ခေါ်ယူဖို့ ယူရိုသန်း(၂၅၀)နဲ့ ကမ်းလှမ်းခဲ့တာကို မိမိတို့ပယ်ချခဲ့တယ်လို့ ဘာစီလိုနာအသင်းဥက္ကဋ္ဌလာပေါ်တာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့ပြောင်းရွှေ့ကြေးအကြီးဆုံးကစားသမားက နေမာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းက ဘာစီလိုနာအသင်းကနေ PSG အသင်းက ယူရို(၂၂၂)သန်းနဲ့ ခေါ်ယူခဲ့တာပါ။
ဒီပြောင်းရွှေ့ကြေးစံချိန်ဟာ (၇)နှစ်တိုင်ကြာမြင့်သည်အထိ ဘယ်သူမှ မရိုက်ချိုးနိုင်သေးဘဲ စံချိန်တည်မြဲနေတာကို အခုအချိန်မှာ ယာမားလ်က ချိုးဖျက်ဖို့ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။
စပိန်ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားတာက ပြင်သစ်တိုက်စစ်မှူးဂရီးဇ်မန်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က အက်သလက်တီကို မက်ဒရစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ရာမှာ ယူရို သန်း(၁၂၀)နဲ့ ပြောင်းခဲ့တာပါ။