El Clasico မှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ လာမင်းယာမားလ်
မနေ့က El Clásico ပွဲစဉ် ရီးရဲလ်မက်ဒရစ်(ဝ-၄)ဘာစီလိုနာပွဲမှာ ဘာစီလိုနာအသင်းအတွက် တတိယဂိုးသွင်းပေးခဲ့တဲ့စပိန်လူငယ်တိုက်စစ်ကစားသမားလာမင်းယာမားလ်ဟာ El Clásico ပွဲစဉ်တွေမှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဒီပွဲရဲ့ပွဲချိန်(၇၇)မိနစ်မှာ ယာမားလ်ဟာ အသင်းဖော် ရာဖင်ညာ အလိုက်သင့်ထိုးပေးတဲ့ဘောလုံးကို ရီးရဲလ်ဂိုးသမားလူနင်ကာထားတဲ့ကြားက ဆယ်ပြားစေ့ထောင့်ထဲ တန်းတန်းမတ်မတ်ဝင်အောင် ကန်သွင်းနိုင်ခဲ့တာပါ
ဒီပွဲကစားတဲ့နေ့မှာ အသက်(၁၇)နှစ် (၁၀၆)ရက်သာရှိသေးတဲ့ ယာမားလ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၇၇)နှစ်က စံချိန်တင်ထားသူကို ရက်ပေါင်း(၂၅၀)အသာရပြီး စံချိန်သစ်တင်ခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်တဲ့ El Clásico ပွဲစဉ်တွေမှာ အရင်က အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူက ၁၉၄၇ ခုနှစ်က El Clásico ပွဲစဉ်မှာ ဂိုးသွင်းခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးအယ်လ်ဖွန်ဆိုနာဗာရိုးဖြစ်ပြီး အဲဒီတုန်းက သူဂိုးသွင်းယူချိန်မှာ အသက်က (၁၇)နှစ်၊ (၃၅၆)ရက်ရှိခဲ့တာဖြစ်ပါတယ်။
အယ်လ်ဖွန်ဆိုနာဗာရိုးဟာ ၁၉၄၆ ခုနှစ်အတွင်း ဘာစီလိုနာအသင်းမှာ စတင်ကစားခဲ့ပြီး ၁၉၅၀ မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားခဲ့သူပါ။ ရီးရဲလ်မှာ တစ်နှစ်သာနေပြီး အသင်းပြောင်းခဲ့တဲ့ အယ်လ်ဖွန်ဆိုနာဗာရိုးဟာ ဗယ်လာဒိုလစ်၊ အက်သလက်တီကို၊ အိုဆာဆူနာ၊ ဒီပို့တီဗိုအစရှိတဲ့ကလပ်တွေမှာလည်း ကစားခဲ့ဖူးသူဖြစ်ပါတယ်။
ယာမားလ်အနေနဲ့ ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းမှာ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်များစွာတင်ထားသူဖြစ်ပါတယ်။