ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးကြွေးဆပ်ခဲ့ပြီး စံချိန်လိုက်မမီအောင် တားဆီးနိုင်ခဲ့တဲ့ ဘာစီလိုနာ

0

လာလီဂါ El Clásico ပွဲစဉ် ရီးရဲလ်မက်ဒရစ်(ဝ-၄)ဘာစီလိုနာပွဲမှာ ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့ခြင်းနဲ့ အတူ သူတို့ရဲ့စံချိန်တစ်ခုကို ရီးရဲလ်မက်ဒရစ်အသင်းလိုက်မမီစေဖို့ တားဆီးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရှုံးပွဲမတွေ့အောင်ကစားနိုင်ခဲ့ရင် ဘာစီလိုနာအသင်းတင်ရှိခဲ့တဲ့ လာလီဂါရှုံးပွဲမရှိစံချိန်(၄၃)ပွဲကို လိုက်မီမှာပါ။

ဘာစီလိုနာအသင်းဟာ ၂၀၁၇-၂၀၁၈ ခုနှစ်တွေက လာလီဂါမှာ (၄၃)ပွဲဆက်တိုက်ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ယနေ့ထက်တိုင် ဒီစံချိန်ကို လိုက်မီ/ရိုက်ချိုးနိုင်တဲ့ အသင်းမရှိသေးတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၂၃ စက်တင်ဘာ (၂၄)ရက်နေ့မှာ ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီ (၂၀၂၃-၂၁၄ ရာသီ လာလီဂါပွဲစဉ်-၆)မှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးကတည်းက လာလီဂါမှာ (၄၂)ပွဲဆက်တိုက်အရှုံးမရှိတော့ဘဲ အခု အိမ်ကွင်း El Clásico ပွဲစဉ်မှာမှ ရှုံးပွဲနဲ့ ပြန်ရင်ဆိုင်ခဲ့ရတာပါ။

ဘာစီလိုနာအသင်းအနေနဲ့ နောက်ဆုံးပြိုင်ပွဲစုံ(၄)ပွဲဆက်တိုက်တွေ့ဆုံမှုတွေမှာ သူတို့အရှုံးပေးခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို အဝေးကွင်းဘာနေဗျူးမှာ ချိုမြိန်စွာ ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့အပြင် သူတို့ရဲ့စံချိန်ကိုပါ ရီးရဲလ်အသင်းလိုက်မမီအောင် တားဆီးနိုင်ခဲ့လို့ အချိုပေါ်သကာဆင့်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီပွဲမှာ ရီးရဲလ်တိုက်စစ်မှူးဘာပေသွင်းယူခဲ့တဲ့ဂိုး(၂)ဂိုးက လူကျွံဘောဆိုပြီး VAR အကြံပြုချက်နဲ့အတူ ပယ်ချခံခဲ့ရပါတယ်။ ဘာစီလိုနာအသင်းအတွက်ဂိုးတွေကို လီဝန်ဒေါစကီးက (၅၄၊ ၅၆ မိနစ်)ဂိုး၊ ယာမားလ်က (၁)ဂိုး(၇၇ မိနစ်)၊ ရာဖင်ညာက (၁)ဂိုး(၈၄ မိနစ်)သွင်းယူပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *