၂၄.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းရဲ့နေရာမှာ ရေရှည်အစားထိုးမှုအဖြစ် ဆွီဒင်တိုက်စစ်မှူး ဂျီယိုကီရက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိ ဂျီယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် (၆၃)ပွဲကစားထားရာမှာ (၅၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ နာပိုလီအသင်းတောင်ပံကစားသမား ကဗာရာရှက်ခလီယာနဲ့ ဗဟိုနောက်ခံလူ ဘွန်ဂျော်နိုတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နာပိုလီအသင်းရဲ့စီးရီးအေပွဲစဉ်မှာ သူတို့နှစ်ဦးကို စောင့်ကြည့်ဖို့ ကင်းထောက်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

■ အိုင်းယက်စ်အသင်းဟာ ကွင်းလယ်လူ ဟန်ဒါဆန်ကို ဒီရာသီ ကလပ်မှာဆက်ပြီးရှိဖို့ မျှော်လင့်နေပါတယ်။ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဟန်ဒါဆန်ကို ခေါ်ယူဖို့ ဆန်းဒါးလန်းအသင်းနဲ့ ရိန်းဂျားစ်အသင်းတို့က ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

■ အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြရာထူးအတွက် လျာထားတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲကစားအပြီးမှာ နိုင်ပွဲမရရှိသေးတာကြောင့် နည်းပြ ဂလက်စ်နာကို ထုတ်ပယ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

■ ဗက်စကိုဒဂါးမားအသင်းဟာ ကွင်းလယ်လူ ပါယက်နဲ့ သူတို့ရဲ့သဘောတူညီမှုကို အဆုံးသတ်ဖို့ စဉ်းစားနေတယ်လို့ ဘရာဇီးလ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဗက်စကိုဒဂါးမားအသင်းဟာ လာမယ့်နွေရာသီအထိ စာချုပ်ရှိနေတဲ့ ပါယက်ရဲ့မကြာသေးခင်က စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေတာဖြစ်ပါတယ်။

■ ဂျီနိုအာအသင်းဟာ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဂျီနိုအာအသင်းဟာ ဘာလော့တယ်လီကို ၂၀၂၅ ဇွန်အထိ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *