၃၁.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ မကြာသေးခင်ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် စနေနေ့မှာကစားဖို့ရှိတဲ့ ဗလင်စီယာ-ရီးရဲလ်မက်ဒရစ် လာလီဂါပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ရေကြီးမှုကြောင့် စပိန်ဘုရင့်ဖလားပွဲစဉ် ဗလင်စီယာ-အက်စ်ကျူလာပွဲကို ရွှေ့ဆိုင်းခဲ့ရသလို နောက်ထပ်ပွဲစဉ်တစ်ပွဲကိုပါ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

■ ဘာစီလိုနာအသင်းဟာ စပိန်ကြယ်ပွင့် ဖာမင်လိုပက်ဇ်ကို ၂၀၂၉ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဖာမင်လိုပက်ဇ်တို့ရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause) ယူရိုသန်း(၅၀၀)ပါဝင်တယ်လို့ သိရပါတယ်။

■ မန်စီးတီးအသင်းဟာ အာဂျင်တီးနားကွင်းလယ်တိုက်စစ်ကစားသမား အီချီဗာရီကို အငှားနဲ့ခေါ်ယူဖို့ ကလပ်အသင်းအများအပြားရဲ့ချဉ်းကပ်မှုကို ပယ်ချခဲ့ပါတယ်။ အီချီဗာရီဟာ ၂၀၂၅ ရာသီအစမှာ ရေးဗားပလိတ်အသင်းကနေ မန်စီးတီးအသင်းထံ လာရောက်ပူးပေါင်းဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာရှယ်ဟာ အသင်းသစ် AEK အေသင်အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မာရှယ်ဟာ AEK အေသင်အသင်းအတွက် (၃)ပွဲကစားအပြီးမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

■ ရိုးမားအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ အိုင်ဗန်ဂျူရစ်ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ ရိုးမားအသင်းဟာ ဒီရာသီအစပိုင်းကမှ ကစားသမားဟောင်း ဒီရော့စီကို နည်းပြရာထူးကနေ ထုတ်ပယ်ထားတာဖြစ်ပါတယ်။

■ နာပိုလီအသင်းဟာ ဂျော်ဂျီယာတိုက်စစ်ကစားသမား ကဗာရာရှက်ခလီယာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ နာပိုလီအသင်းဟာ ကဗာရာရှက်ခလီယာရဲ့စာချုပ်သစ်ထဲမှာ ယူရိုသန်း(၁၀၀)တန်ကြေးရှိ buyout clause ကို ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *