ဘွန်ဒစ်လီဂါမှာ ပုံစံကောင်းပြနေပေမယ့် ဟာရီကိန်းကို ဂျာမန်သတင်းစာ Bild အပြစ်ရှာ ဝေဖန်ရေးသား

0

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါမှာ ပုံစံကောင်းပြသနေပေမယ့် ဂျာမန်သတင်းစာ Bild က သူ့ကို အပြစ်ရှာဝေဖန်ရေးသားခဲ့ပြီး သူ့ရဲ့ အဓိကပြဿနာကိုပါ ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းကနေ ပေါင်သန်း(၁၀၀)နဲ့ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း(၅၂)ပွဲပါဝင်ကစားထားပြီး (၅၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၇)ကြိမ်ပြုလုပ်ထားသူပါ။

ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ စံချိန်အများအပြားကို တင်ထားပေမယ့် ဂျာမန်သတင်းစာ Bild ကတော့ သူဟာ ပွဲတွေမှာ မကြာခဏပျောက်ဆုံးနေတယ်ဆိုပြီး စွပ်စွဲထားတာဖြစ်ပါတယ်။ Bild မှာ ဂျာနယ်လစ် ဝေါ်တာစထရာတန်က ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်အသင်းတို့(၁-၁)ဂိုးစီသရေကျတဲ့ ပွဲအပြီး ဟာရီကိန်းရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်မှုတွေပြုလုပ်ခဲ့တာပါ။

The BITTER Kane Truth ဆိုတဲ့ သတင်းခေါင်းစဉ်မှာ “ကြိုးစားအားထုတ်မှုများပြီး အောင်မြင်မှုနည်းလွန်းပါတယ်။ လေဗာကူဆင်နဲ့ပွဲကြီးပွဲကောင်းမှာ ဂိုးပေါက်ထဲကို မကန်သွင်းနိုင်ရင် ကီရယ်လ်နဲ့ပွဲမှာ (၃)ဂိုးသွင်းတာက ဘာထူးမှာလဲ။ ကိန်းရဲ့ဆုဖလားမရတဲ့ ကျိန်စာက အခုထိ ကျွန်တော်တို့မလွှတ်သေးဘူး”လို့ ရေးသားခဲ့ပါတယ်။

ဟာရီကိန်းဟာ လေဗာကူဆင်အသင်းနဲ့ ပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ ဒဏ်ရာရခဲ့တာကြောင့် လူစားလဲမှုပြုလုပ်ခဲ့ရပါတယ်။ ဟာရီကိန်းရဲ့ဒဏ်ရာဟာ ပြင်းထန်မှုမရှိတဲ့အတွက် အက်စတွန်ဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေသလို ဒီလထဲယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့Nations League လူစာရင်းမှာလည်း ရွေးချယ်ခံရနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *