မာယော့ကာနဲ့ပွဲမှာ လေလွင့်ခွေးတွေနဲ့အတူ အက်စ်ပန်ညို ကစားသမားတွေ ကွင်းထဲဝင်ခဲ့
ဒီတစ်ပတ်ထဲကစားခဲ့တဲ့ အက်စ်ပန်ညို(၂-၁)မာယော့ကာ စပိန်လာလီဂါပွဲစဉ်မှာ အက်စပန်ညိုအသင်းကစားသမားတွေဟာ လာဘ်ကောင်တွေအစား ခွေးတွေနဲ့ ကွင်းထဲကို ဝင်ရောက်ခဲ့ပါတယ်။
အက်စ်ပန်ညိုကစားသမားတွေဟာ စွန့်ပစ်ထားတဲ့ ခွေးတွေကို အိမ်အသစ်တွေရှာဖွေရာမှာ ကူညီပေးတဲ့ ကမ်ပိန်းမှာ (၂)ရာသီဆက်တိုက်ပါဝင်တဲ့အနေနဲ့ ဒီလိုမျိုးပြုလုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ပြုလုပ်ခဲ့တဲ့ ကမ်ပိန်းမှာ ခွေး(၁၁)ကောင်ကို လမ်းပေါ်တွေကနေ ကယ်တင်ပေးနိုင်ခဲ့ပြီး စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေ ကီလိုဂရမ်(၂,၀၀၀)ကျော် လှူဒါန်းနိုင်ခဲ့ပါတယ်။ မာယော့ကာအသင်းနဲ့ပွဲမတိုင်မှာ အက်စ်ပန်ညိုကစားသမားတိုင်းဟာ ခွေးကိုယ်စီနဲ့ ကွင်းထဲကို ဝင်ရောက်လာခဲ့တာပါ။ ပရိသတ်တွေကလည်း စည်သွတ်အစားအစာနဲ့ စောင်တွေကို အားကစားကွင်းမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။
အက်စပန်ညိုအသင်းက “ဒီလိုလုပ်ဆောင်မှုကြောင့် ကလပ်အသင်းအနေနဲ့ လူ့အဖွဲ့အစည်းကို ထပ်ပြီးသက်ရောက်မှုရှိစေချင်ကာ ဒီပြဿနာကို သတိပြုမိအောင် ကူညီပေးချင်ပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အခုလအစောပိုင်းက အက်စပန်ညိုအသင်းကွင်းလယ်လူ လိုဇာနိုဟာ သူ့ရဲ့(၅)လသားအရွယ်ခွေးဖြစ်သူ မန်ဂိုနဲ့ မီဒီယာတွေ့ဆုံမှုတက်ရောက်ခဲ့ပြီး လမ်းပေါ်ကနေ ကယ်တင်ခဲ့တဲ့အကြောင်းရင်းကို မီးမောင်းထိုးပြခဲ့တာပါ။ အက်စ်ပန်ညိုအသင်းဟာ ဒီရာသီမှာ စပိန်လာလီဂါပြိုင်ပွဲထံ တန်းပြန်တက်လာခဲ့တာဖြစ်ပြီး ကစားထားတဲ့(၉)ပွဲမှာ ရမှတ်(၁၀)မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့်(၁၄)နေရာမှာ ရပ်တည်နေပါတယ်။