နူနက်ဇ်ရဲ့နိုင်ငံတကာပွဲပယ်ကို CAS ယာယီရုပ်သိမ်းခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပါဝင်ခွင့်ရှိ

0

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ သူ့ရဲ့နိုင်ငံတကာပွဲပယ်ပြစ်ဒဏ်ကို နိုင်ငံတကာအားကစားခုံရုံး(CAS)က ယာယီရုပ်သိမ်းပေးခဲ့ပြီးနောက် ဥရုဂွေးအသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမှာ ပါဝင်ကစားပေးဖို့ရှိနေပါတယ်။

ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကိုလံဘီယာအသင်းပရိသတ်တွေနဲ့ ဖြစ်ခဲ့တဲ့ ရန်ပွဲမှာပါဝင်ခဲ့ပြီးနောက် (၅)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

ဒါပေမယ့် နိုင်ငံတကာအားကစားခုံရုံး(CAS)က ဒီပွဲပယ်ပြစ်ဒဏ်ကို ယာယီရုပ်သိမ်းပေးခဲ့တာကြောင့် ဒါဝင်နူနက်ဇ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမှာ ဥရုဂွေးအသင်းအတွက် ပါဝင်နိုင်မယ်လို့ The Times က ဖော်ပြထားပါတယ်။ နည်းပြ ဘီယဲလ်ဆာဟာ တနင်္လာနေ့က ဥရုဂွေးကစားသမား(၂၉)ဦးစာရင်းထုတ်ပြန်ခဲ့ပြီး လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်လည်း ပါဝင်ခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရရပေမယ့် ဥရုဂွေးလက်ရွေးစင်အသင်းအတွက် အထင်ကြီးဖွယ်စွမ်းဆောင်ရည်တွေကို ပြသထားတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒါဝင်နူနက်ဇ်ကို ဥရုဂွေးအသင်းမှာ သူ့အတွက်လိုအပ်နေတဲ့ ပွဲကစားချိန်မိနစ်တွေရပြီး အကောင်းဆုံးပုံစံပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်နေတာပါ။ ဥရုဂွေးအသင်းရဲ့လူစာရင်းမှာ မန်ယူနိုက်တက်အသင်းကွင်းလယ်လူ အူဂါတေး၊မန်ယူနိုက်တက်ကစားသမားဟောင်း ပယ်လီစထရီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဗယ်လ်ဗာဒီတို့ပါဝင်ခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်(၈)ပွဲကစားထားပြီး ရမှတ်(၁၅)မှတ်နဲ့ အဆင့်(၃)နေရာ ရပ်တည်နေတဲ့ ဥရုဂွေးအသင်းဟာ အောက်တိုဘာပွဲစဉ်တွေအဖြစ် ပီရူး၊အီကွေဒေါအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *