ဘောလုံးသမားဘဝကနေ အနားယူခဲ့တဲ့ အင်နီယေစတာထံ ပြိုင်ဘက်ဟောင်း ရီးရဲလ် မက်ဆေ့ချ်ပေးပို့

0

ရီးရဲလ်မက်ဒရစ်အသင်းဟာ မကြာသေးခင်ကမှ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူကြောင်းကြောင်း ကြေညာခဲ့တဲ့ ဘာစီလိုနာနဲ့ စပိန်အသင်းဂန္ထဝင် အင်နီယေစတာထံ မက်ဆေ့ခ်ျပေးပို့ခဲ့ပါတယ်။

အင်နီယေစတာဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပြိုင်ဘက် ဘာစီလိုနာအသင်းကစားသမားဟောင်းဖြစ်ခဲ့ပေမယ့် စပိန်နဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့အကြီးမားဆုံးဂန္ထဝင်ဖြစ်တာကြောင့် သူတို့ရဲ့လေးစားမှုနဲ့ ချစ်ခင်မှုကို ပြသခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၀၂ က ဘာစီလိုနာအသင်းကြီးအတွက် ပွဲထွက်ခဲ့တဲ့ အသက်(၄၀)နှစ်အရွယ်ရှိ အင်နီယေစတာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဖလား(၉)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အပါအဝင် ဆုဖလား(၂၉)လုံးအထိ ရယူနိုင်ခဲ့တာပါ။ ဒါ့အပြင် အင်နီယေစတာဟာ စပိန်အသင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလား၊ယူရို-၂၀၀၈ နဲ့ ၂၀၁၂ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အင်နီယေစတာထံ ရီးရဲလ်မက်ဒရစ်အသင်းက ပေးပို့ခဲ့တဲ့ မက်ဆေ့ချ်ထဲမှာ ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သူသွင်းယူခဲ့တဲ့ဂိုးက စပိန်ပရိသတ်တိုင်းအတွက် အမှတ်တရအနေနဲ့ အမြဲတမ်းရှင်သန်နေမယ်လို့ ဖော်ပြခဲ့သလို သူ့ဘဝရဲ့ကဏ္ဍသစ်မှာ ကံကောင်းစေဖို့ ဆု‌တောင်းပေးတယ်လို့ ဆိုခဲ့တာပါ။

အင်နီယေစတာဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်ဖို့ လုပ်ဆောင်နေပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာလူငယ်အသင်းတွေမှာ သူ့ရဲ့နည်းပြဘဝကို စတင်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *