၁၀.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်က သူဟာ အနည်းဆုံးတစ်နှစ်ကြာနည်းပြလောကထဲကို ပြန်လည်ဝင်ရောက်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ယူရို-၂၀၂၄ ဗိုလ်လုပွဲအပြီးမှာ အင်္ဂလန်အသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဆောက်ဂိတ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံနေရတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းနောက်ခံလူ မက်ဇ်ရာအူရီဟာ ရှားပါးတဲ့နှလုံးရောဂါအခြေအနေကြောင့် (၂)လကြာအနားယူရမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ရာသီအစမှာ ဆိုးရွားတဲ့ရလဒ်တွေကြုံတွေ့နေရတဲ့ မန်ယူနိုက်တက်အသင်းအတွက် မက်ဇ်ရာအူရီရဲ့သတင်းဟာ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါတယ်။

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာကို ၂၀၂၅ မှာ ခေါ်ယူဖို့ ထိပ်တန်းဦးစားပေးအဖြစ်သတ်မှတ်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ ဆာလီဘာနဲ့ ဆက်သွယ်မှုပြုလုပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

■ ဂါလာတာစာရေးအသင်းဟာ နာပိုလီအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူး အိုစီမန်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားဖို့ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အိုစီမန်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူမယ်ဆိုရင် ပေါင်(၆၈)သန်းကုန်ကျမှာဖြစ်ပြီး နွေရာသီမှာ ခေါ်ယူမယ်ဆိုရင် ပေါင်(၆၃)သန်းကုန်ကျမှာဖြစ်ပါတယ်။

■ မန်စီးတီးအသင်းဟာ ဘရာဇီးလ်ဂိုးသမား အီဒါဆန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ပေါ်တိုဂိုးသမား ဒီယိုဂိုကော်စတာကို စိတ်ဝင်စားနေပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ဒီယိုဂိုကော်စတာကို ခေါ်ယူမယ်ဆိုရင် ပေါင်(၆၃)သန်းကုန်ကျနိုင်တာဖြစ်ပါတယ်။

■ ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ အလာဘာဟာ အောက်တိုဘာထဲမှာ ပြန်လာနိုင်ဖို့ ကနဦးမျှော်လင့်ခဲ့ပေမယ့် ၂၀၂၅ ဇန်နဝါရီမှသာ ပြန်လာနိုင်မယ်လို့ Relevo က ဖော်ပြထားပါတယ်။ အလာဘာဟာ ACL ဒဏ်ရာကြောင့် ပြီးခဲ့တဲ့တစ်ရာသီလုံးနီးပါး အနားယူနေခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *