၆.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု
■ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားကို ခေါ်ယူဖို့ အယ်လ်နာဆာအသင်းကို တိုက်တွန်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဘရိုင်းနားနဲ့ မန်စီးတီးအသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
■ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ဟာ အိုင်းယက်စ်အသင်းမှာ ရုန်းကန်နေရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ထံ ပြန်လာချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဟန်ဒါဆန်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းအချို့နဲ့ ချန်ပီယံရှစ်ထိပ်သီးအသင်းတွေက စိတ်ဝင်စားနေတာဖြစ်ပါတယ်။
■ ရီးရဲလ်မက်ဒရစ်အသင်းက တောင်ပံကစားသမား ဗင်နီစီယပ်စ်ဟာ လည်ပင်းဒဏ်ရာရရှိခဲ့တဲ့အတွက် အနားယူဖို့လိုအပ်တယ်လို့အတည်ပြုခဲ့ပါတယ်။ အဲ့ဒါကြောင့် ဗင်နီစီယပ်စ်ဟာ လာမယ့် ဘရာဇီးလ်အသင်းရဲ့၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။
■ ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူးလို့သိရပါတယ်။ ပွဲပယ်ပြစ်ဒဏ်လျှော့ခဲ့တာကြောင့် ၂၀၂၅ မတ်လမှာ ဘောလုံးပြန်ကစားနိုင်မယ့် ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။
■ လိုင်လီအသင်းမှာ ခြေစွမ်းပြသနေတဲ့ အိန်ဂျယ်လ်ဂိုးမက်စ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး ငြင်းဆန်ဖို့ ခက်ခဲတယ်လို့ ဝန်ခံခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီကုန်ရင် လိုင်လီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အိန်ဂျယ်လ်ဂိုးမက်စ်ကို ကလပ်အသင်းထံ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
■ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့စာချုပ်ကို (၁)နှစ်သက်တမ်းတိုးနိုင်တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ ဒီရာသီ ဘာစီလိုနာအသင်းရဲ့ပွဲစဉ်တစ်ဝက်ခန့်ကို ပါဝင်ကစားခဲ့မယ်ဆိုရင် ၂၀၂၆ အထိစာချုပ်သက်တမ်းတိုးနိုင်တဲ့အချက် စာချုပ်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။