တွမ်မီနေးကို ရောင်းချခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကို ဒီကာနီယို ဝေဖန်

0

ပရီးမီးယားလိဂ်ဂန္ထဝင်တစ်ဦးဖြစ်တဲ့ အီတလီတိုက်စစ်မှူးဟောင်း ဒီကာနီယိုက စကော့တလန်ကွင်းလယ်လူ တွမ်မီနေးကို ရောင်းချခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အကယ်ဒမီထွက် တွမ်မီနေးကို ပေါင်(၂၅)သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက နာပိုလီအသင်းထံ ရောင်းချခဲ့တာပါ။

တွမ်မီနေးကို ရောင်းချလို့ရရှိတဲ့ ပြောင်းရွှေ့ကြေးကို မန်ယူနိုက်တက်အသင်းဟာ PSG အသင်းကွင်းလယ်လူ အူဂါတေးကို ဝယ်ယူဖို့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီကာနီယိုကတော့ မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ သူ့ရဲ့အဖွဲ့တို့ဟာ တွမ်မီနေးကို ရောင်းချခဲ့တာက မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုပြီး ယုံကြည်နေတာပါ။

ဒီကာနီယိုက “ဒါရိုက်တာအားလုံးကို ဖမ်းဖို့ ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို သွားမှာပါ။ သူတို့ဘယ်လိုမျိုး တွမ်မီနေးကို ထွက်ခွာခွင့်ပေးခဲ့တာလဲ”လို့ Il Mattino နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

တွမ်မီနေး ထွက်ခွာအပြီးမှာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူ့ကို မရောင်းချချင်ဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့တာပါ။ တွမ်မီနေးဟာ ၂၀၀၂ ကတည်းက မန်ယူနိုက်တက်အသင်းမှာ ရှိခဲ့ပြီး အသင်းကြီးအတွက် ၂၀၁၇ မှာ စတင်ပွဲထွက်ခွင့်ရခဲ့ကာ (၂၅၅)ပွဲကစားပြီး (၂၉)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

တွမ်မီနေးဟာ နာပိုလီအသင်းမှာ ခြေစွမ်းပြသနေပြီး (၅)ပွဲကစားထားရာမှာ (၂)ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *