ဟန်ဂေရီ-နယ်သာလန်ပွဲမှာ ဗန်ဒိုက်အနီကတ်ထိခဲ့တဲ့အပေါ် လီဗာပူးလ်ပရိသတ်တွေ ပျော်ရွှင်နေ

0

မနေ့က ဟန်ဂေရီ(၁-၁)နယ်သာလန် UEFA Nations League ပွဲစဉ်မှာ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက် အနီကတ်ပြသပြီးထုတ်ပယ်ခံခဲ့ရတဲ့အပေါ် လီဗာပူးလ်အသင်းပရိသတ်တွေဟာ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ပျော်ရွှင်နေကြပါတယ်။ ဗန်ဒိုက်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်မိနစ်(၇၀)ကျော်မှာ (၃)မိနစ်အတွင်း အဝါကတ်(၂)ကြိမ်ပြသခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရကာ ဒီအနီကတ်ဟာ သူ့ရဲ့နယ်သာလန်ကစားသမားဘ၀ ပထမဆုံးအနီကတ်ဖြစ်ခဲ့တာပါ။

ဗန်ဒိုက်ဟာ အနီကတ်ကြောင့် လာမယ့် ဂျာမနီအသင်းနဲ့ Nations League ပွဲစဉ်မှာ ပွဲပယ်ခံရမှာဖြစ်လို့ နယ်သာလန်အသင်းအတွက် ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ ဗန်ဒိုက်က ဒီအနီကတ်အပေါ် ဒေါသထွက်မိတယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ဆိုထားပါတယ်။ လီဗာပူးလ်အသင်းပရိသတ်တွေကတော့ ဒီအနီကတ်ကြောင့် ဗန်ဒိုက်ဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်ကို လန်းလန်းဆန်းဆန်းနဲ့ ယှဉ်ပြိုင်နိုင်တော့မှာဖြစ်လို့ ပျော်ရွှင်နေကြတာပါ။

ပရိသတ်တစ်ဦးက “ဗန်ဒိုက်ရဲ့နည်းဗျူဟာအရ အနီကတ်ပါ။ သူဟာ ချယ်လ်ဆီးအသင်းနဲ့ပွဲမတိုင်ခင်မှာ အပြည့်အဝအနားယူရတော့မှာပါ”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “ဗန်ဒိုက်ထုတ်ပယ်ခံရတဲ့သတင်းက အလွန်ကောင်းပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ပွဲအတွက် သူအဆင်သင့်ဖြစ်နေတော့မှာပါ”လို့ရေးသားကာ နောက်ထပ်ပရိသတ်တစ်ဦးက “ဗန်ဒိုက်ကောင်းမွန်စွာအနားယူနိုင်ပါပြီ၊ဘုရားသခင်က ကောင်းမွန်တယ်”လို့ ရေးသားခဲ့ကြတာဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ ဟန်ဂေရီအသင်းနဲ့ သရေကျခဲ့တာကြောင့် Nations League အုပ်စုပွဲစဉ်(၃)ပွဲကစားအပြီးမှာ ရမှတ်(၅)မှတ်ရရှိထားကာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ ဒီအုပ်စုရဲ့ထိပ်ဆုံးနေရာမှာ ဂျာမနီအသင်းက ရမှတ်(၇)မှတ်နဲ့ ရပ်တည်နေပြီး ဂျာမနီအသင်းနဲ့ နယ်သာလန်အသင်းတို့ဟာ အောက်တိုဘာ(၁၅)ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *