ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဆာနေးနဲ့ ဂေါ်ရက်စကာကို ခေါ်ယူဖို့ မန်ယူနိုက်တက် ပစ်မှတ်ထား
မန်ယူနိုက်တက်အသင်းဟာ လူစာရင်းကို ပိုပြီးအားကောင်းစေဖို့အတွက် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ဆာနေးနဲ့ ကွင်းလယ်လူ ဂေါ်ရက်စကာတို့ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက PSG အသင်းကွင်းလယ်လူ အူဂါတေးကို ပေါင်(၅၁)သန်းနဲ့ ခေါ်ယူပြီး အားဖြည့်ထားတာပါ။
ဒါပေမယ့် မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်းအတွက် ရွေးချယ်မှုအဖြစ် ဂေါ်ရက်စကာကို စိတ်ဝင်စားနေသလို ဆာနေးကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ Sky Sports က ဖော်ပြထားတာဖြစ်ပါတယ်။ ဂေါ်ရက်စကာနဲ့ ဆာနေးတို့ဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာပါ။ ဂေါ်ရက်စကာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပြီး ဆာနေးကတော့ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပါတယ်။
ဒါပေမယ့် ဂေါ်ရက်စကာနဲ့ ဆာနေးတို့ဟာ ရာသီလယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖွယ်မရှိဘူးလို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာက ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူတွေဖြစ်တဲ့ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူခဲ့ပေမယ့် ရာသီအစရလဒ်တွေဆိုးရွားနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၁၄)နေရာမှာ ရပ်တည်နေတာပါ။ အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ခံစားနေရတာဖြစ်ပါတယ်။
ဒီအတွက် မန်ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ကစားရမယ့် ဘရန်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲပြီးရင် ဖီနာဘာချီအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။