မိမိရဲ့အာဂျင်တီးနားကစားသမားဘ၀ ကုန်ဆုံးဖို့ နီးစပ်လာပြီလို့ မက်ဆီ ဝန်ခံ

0

ဒီမနက်က အာဂျင်တီးနား(၆-ဝ)ဘိုလီးဗီးယား ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက သူ့ရဲ့အာဂျင်တီးနားကစားသမားဘ၀ ကုန်ဆုံးဖို့ နီးစပ်လာပြီလို့ နိုင်ငံတကာအနာဂတ်နဲ့ပတ်သက်ပြီး မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

မက်ဆီဟာ ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဟက်ထရစ်သွင်းပြီး ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့တာပါ။

မက်ဆီဟာ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ဘိုလီးဗီးယားအသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး သူ့ရဲ့နိုင်ငံတကာကစားသမားဘဝ(၁၀)ကြိမ်မြောက် ဟက်ထရစ်ကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ လာမယ့်ဇွန်မှာ အသက်(၃၈)နှစ်ပြည့်တော့မှာဖြစ်လို့ သူ့ရဲ့ကစားသမားဘဝဟာ ကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တာပါ။ မက်ဆီက အင်တာမိုင်ယာမီအသင်းဟာ သူ့ရဲ့နောက်ဆုံးကလပ်ဖြစ်တယ်လို့ ပြောခဲ့သလို နိုင်ငံတကာကစားသမားဘ၀ နောက်ဆုံးပွဲတွေကို ရောက်ရှိနေပြီလို့ ဆိုခဲ့ပါတယ်။

မက်ဆီက “ကျွန်တော့်ရဲ့အနာဂတ်အတွက် နောက်ဆုံးရက်ဆိုပြီးသတ်မှတ်ထားတာမရှိပါဘူး။ ကျွန်တော်ဟာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။ ဒါပေမယ့် ဒါတွေက ကျွန်တော့်ရဲ့နောက်ဆုံးပွဲတွေဖြစ်နိုင်တယ်ဆိုတာကို သိတဲ့အတွက် အရင်ကထပ်ပိုပြီးစိတ်ခံစားချက်ရှိသလို လူတွေဆီကနေ အချစ်တွေအားလုံးကိုယူမယ်”လို့ ဆိုခဲ့တာပါ။

မက်ဆီဟာ ဘိုလီးဗီးယားအသင်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ဂိုးကြောင့် အာဂျင်တီးနားအသင်းအတွက် (၁၈၉)ပွဲကစားထားအပြီးမှာ (၁၁၂)ဂိုးအထိ သွင်းယူထားတာပါ။ အာဂျင်တီးနားအသင်းဟာ ဘိုလီးဗီးယားအသင်းကို အနိုင်ရခဲ့တဲ့အတွက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမှာ (၁၀)ပွဲကစားထားပြီး ရမှတ်(၂၂)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *