အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်း ဆက်ရှိမလားဆိုတာ အတည်ပြုဖို့ တူချယ်လ် ငြင်းဆန်
အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းဆက်ရှိမလားဆိုတာကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ တူချယ်လ်ဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းမှာ ဟာရီကိန်းနဲ့ အတူလက်တွဲခဲ့ပေမယ့် အင်္ဂလန်အသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံမှုမှာ အင်္ဂလန်အသင်းခေါင်းဆောင်ရာထူးအတွက် ဟာရီကိန်းကို အာမခံပေးခြင်းမရှိခဲ့တာပါ။

တူချယ်လ်ဟာ အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် (၁၈)လစာချုပ်နဲ့ ခန့်အပ်ခံထားရပြီး ၂၀၂၅ ဇန်နဝါရီ(၁)ရက်ကစတင်ကာ တရားဝင်ကိုင်တွယ်မှာဖြစ်ပါတယ်။ တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဟာရီကိန်းနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပေမယ့် ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ပြီးနောက် မနှစ်ကရာသီအကုန်မှာ ထွက်ခွာခဲ့တာပါ။ တူချယ်လ်ဟာ အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရအပြီးမှာ ဟာရီကိန်းနဲ့ နောက်တစ်ကြိမ်လက်တွဲအလုပ်လုပ်ရတော့မှာဖြစ်ပါတယ်။
တူချယ်လ်က “ဟာရီကိန်းအပေါ် ကျွန်တော်ဘယ်လိုခံစားရလဲဆိုတာ အားလုံးသိပါတယ်။ သူ့ကို ဘိုင်ယန်အသင်းထံ ခေါ်ဆောင်နိုင်ဖို့ ကျွန်တော်အလွန်ကြိုးစားခဲ့ရပါတယ်။ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး ဆုံးဖြတ်မှုတွေပြုလုပ်ဖို့က စောလွန်းပါသေးတယ်”လို့ ဟာရီကိန်းကို အသင်းခေါင်းဆောင်လက်ပတ်ဆက်ပေးမလားဆိုတဲ့ မေးခွန်းကို ဖြေခဲ့တာပါ။
ဟာရီကိန်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက အင်္ဂလန်အသင်းခေါင်းဆောင်ရာထူးကို ရယူခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ပါဝင်ကစားထားတဲ့ (၁၀၁)ပွဲမှာ စံချိန်တင်(၆၈)ဂိုးသွင်းယူထားပါတယ်။ ဟာရီကိန်းတော့ နည်းပြတူချယ်လ်ရဲ့လက်အောက်မှာ ထပ်ပြီးကစားနိုင်ဖို့ စောင့်မျှော်နေတယ်လို့ အင်္ဂလန်အသင်းက တူချယ်လ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ကြေညာပြီးနောက် သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။